DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၁၈၉ ကို ဒုတိယအကြိမ်ဓာတ်ခွဲစစ်ဆေး၊ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
May 31, 2020
လူနာအမှတ် ၁၈၉ ကို ဒုတိယအကြိမ်ဓာတ်ခွဲစစ်ဆေး၊ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
Donate to DVB

မကွေးတိုင်း၊ သင်ကြားရေးဆေးရုံကြီးမှာ ကုသပေးနေတဲ့ မလေးရှားပြန် လူနာအမှတ် ၁၈၉ ကို မေ ၃၁ ရက်နေ့က ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

လူနာအမှတ် ၁၈၉ ဟာ ချင်းပြည်နယ် ထန်တလန်က လူနာအမှတ် ၁၈၂ နဲ့ လေယာဉ်အတူစီးကာ မလေးရှားနိုင်ငံက ပြန်လာတာဖြစ်ပြီး မေ ၁၉ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောပါတယ်။

“သင်ကြားရေးဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ သီးခြားကုသပေးနေတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ မေလ ၃၁ ရက်နေ့က Negative အဖြေထွက်ခဲ့ပါတယ်။ လူနာရဲ့ လည်ချောင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့ ထပ်မံရယူပြီး တတိယအကြိမ် ထပ်မံဓာတ်ခွဲစစ်ဆေးလို့ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရင် ဆေးရုံကဆင်းခွင့်ရမှာပါ။ ဆေးရုံကဆင်းတဲ့ သူတွေကိုတော့ သတ်မှတ်ထားတဲ့ Quarantine စင်တာမှာ ၇ ရက်၊ နေအိမ်မှာ ၇ ရက်နေထိုင်ပြီးမှ ရောဂါပိုး ကင်းစင်သူအဖြစ် အသိမှတ်ပြုမှာပါ။”

လူနာနဲ့ အတူပြန်လာသူ ၇ ဦးနဲ့ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းတွေကို ဓာခွဲနမူနာပေးပို့ စစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်း ပြည်သူ့ဆေးရုံတွေမှာ စောင့်ကြည့်လူနာ ၁၄ ဦးရှိတဲ့ အနက် ၁၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘဲ နှစ်ဦးကိုတော့ ဓာတ်ခွဲနမူနာ ပေးပို့ထားတယ်လို့  ဒေါက်တာ ခင်မောင်သန်းက ပြောပါတယ်။

မကွေးတိုင်းမှာ ပြည်ပကနေ ပြန်ဝင်လာသူ ၅၀၀၀ လောက်နဲ့ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ ပြည်ပကပြန်ဝင်လာသူ ၁၀၀၀၀ ကျော်လောက်ကို Facility Quarantine ပြုလုပ်ပေးထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013