
မေ ၃၀ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁၃၀၀ ကျော်အား စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ် မတွေ့ရှိရဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၂၁၉ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၅၂ ခုနဲ့ အမှတ် ၁ တပ်မတော် ဆေးရုံကြီး ခုတင်-၁,၀၀၀ က ဓာတ်ခွဲနမူနာ ၆၇ ခု၊ စုစုပေါင်း ၁,၃၃၈ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ်မတွေ့ရဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မေ ၃၁ ရက်နေ့ မနက် ၇ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွေမှာ ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၃၀ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇ သိန်းကျော်နဲ့ သေဆုံးသူ ၃ သိန်း ၇ သောင်းကျော်ရှိပြီလို့ သိရပါတယ်။










