
ဆိုင်ကယ်စီးသူတွေ စုပေါင်းကာ Mask တွေ လှူဒါန်းပေးဝေတာကို မေ ၃၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းအတွင်းရှိ ထောက်ကြံ့လမ်းဆုံမှာ ပြုလုပ်ခဲ့ကြပါတယ်။
Speed Fighter MC, Nature Of Traveller MC, Northern Knights MC, Myanmar Peace Bikers MC အဖွဲ့တို့ စုပေါင်းကာ ကိုဗစ်-၁၉ ရောဂါကို တဖက်တလမ်းမှ ထိန်းချုပ်ကာကွယ်ဖို့အတွက် ပြည်သူလူထုအား Mask အခုရေ ၂၀၀၀ ကို ထောက်ကြံ့ လမ်းဆုံမီးပွိုင့်၊ ရတနာစျေးရှေ့နဲ့ လမ်းသစ်မှတ်တိုင် စစ်သင်္ချိုင်းတဝိုက်တို့မှာ မနက် ၇ နာရီကျော်ကနေ ၉ နာရီအထိ အခမဲ့ လှူဒါန်းပေးခဲ့ကြပါတယ်။
Photo - JPaing / MPA










