DVB Logo
Home
မြန်မာသတင်း
အတည်ပြုလူနာ အမှတ် ၂၀၇ မလေးရှားထောင်တွင် လူနာအမှတ် ၁၉၁ နှင့် အတူနေထိုင်ခဲ့သူဖြစ်
DVB
·
May 30, 2020
အတည်ပြုလူနာ အမှတ် ၂၀၇ မလေးရှားထောင်တွင် လူနာအမှတ် ၁၉၁ နှင့် အတူနေထိုင်ခဲ့သူဖြစ်
Donate to DVB

ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာသစ် အမှတ် ၂၀၇ ဟာ မလေးအကျဉ်းထောင်မှာ လူနာအမှတ် ၁၉၁ နဲ့အတူ နေထိုင်ခဲ့သူ ဖြစ်တယ်လို့ ပုသိမ်မြို့ ခုတင် ၅၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

“Case 191 နဲ့ Case 207 က မလေးရှား အကျဉ်းထောင်မှာ အတူနေခဲ့တယ်။ လူက ကောင်းနေတယ်။ Contact တွေရှိတဲ့အခါကျတော့ swab ယူလိုက်တဲ့အခါကျတော့ ဒီနေ့ပဲ ရောဂါပိုးရှိတာ သိရပါတယ်။”

အသွားအလာ ကန့်သတ်ထားတဲ့ လူနာအမှတ် ၂၀၇ ကို မေလ ၂၉ ရက်နေ့ညမှာ ပုသိမ်ဆေးရုံကို ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။

“လူနာက ကျနော်တို့ ဧရာဝတီတိုင်းအတွက် ဒုတိယမြောက်လူနာ ဖြစ်ပါတယ်။ သူက မလေးရှားပြန်ပါပဲ။ မလေးရှားက ပြန်လာတာ ၁၁ ရက်နေ့က ကျနော်တို့ဆီ ရောက်ပါတယ်။ လေဆိပ်ကနေ ဆင်းတာနဲ့ ကားပေါ်တင်တက်ပြီး ပုသိမ်ကို ရောက်လာတာဖြစ်ပါတယ်။ ပုသိမ် Facility Quarantine ရောက်နေတာ ဖြစ်ပါတယ်။” 

လူနာအမှတ် ၂၀၇ ဟာ မော်လမြိုင်ကျွန်းကဖြစ်ပေမယ့် မော်လမြိုင်ကျွန်းက လူတွေနဲ့ ထိတွေ့ထားတာ၊ မော်လမြိုင်ကျွန်းကို ပြန်ထားတာလည်း မရှိဘူးလို့ သိရပါတယ်။

လူနာအမှတ် ၂၀၇ ဟာ လက်ရှိအချိန်မှာ ဖျားနာတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ မောတာညောင်းတာ မရှိဘဲ လူကောင်းအတိုင်းပဲလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

လူနာအမှတ် ၂၀၇ ကို မေ ၁၈ ရက်နေ့မှာ ပထမအကြိမ် ဓာတ်ခွဲနမူနာ စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ် မေ ၂၇ ရက်နေ့က ဒုတိယအကြိမ် ထပ်မံစစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

ဧရာဝတီတိုင်းကို မလေးရှားနိုင်ငံက ပြန်လာသူတွေ မေ ၁၁ ရက်နေ့က ရောက်ရှိခဲ့ပြီး ပုသိမ်တက္ကသိုလ် တေဇဆောင် Facility Quarantine မှာ ထားရှိပြီး စောင့်ကြည့်နေတာပါ၊

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013