DVB Logo
Home
မြန်မာသတင်း
အခြေခံပညာကျောင်းများ၏ အောင်စာရင်း ဇွန်လ ၁၃ ရက်နေ့ ထုတ်ပြန်မည်
DVB
·
May 29, 2020
Donate to DVB

အခြေခံပညာစာသင်ကျောင်းတွေရဲ့ အောင်စာရင်းတွေကို ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး  လူစုလူဝေးမဖြစ်အောင် ကြီးကြပ်ဆောင်ရွက်သွားမယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးကိုလေးဝင်း ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အတွက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းတွေရဲ့ စာမေးပွဲအောင်စာရင်းတွေကို ထုတ်ပြန်ဖို့ နောက်ကျနေခဲ့တာ ဖြစ်ပါတယ်။

အခုလို အောင်စာရင်းထုတ်ပြန်နိုင်ဖို့အတွက် အမှတ်ခြစ်ဖို့ကျန်ရှိနေတဲ့ စတုတ္ထတန်းနဲ့ အဌမတန်းစာမေးပွဲ အဖြေလွှာတွေကို လာမယ့်တစ်ပတ်အတွင်းမှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေရဲ့ အောင်စာရင်းတွေကို သက်ဆိုင်ရာကျောင်းအလိုက် မိမိတို့ကျောင်းတွေမှာ ထုတ်ပြန်ကြေညာတာဖြစ်ပြီး အခုလို ထုတ်ပြန်ချိန်မှာ လူစုလူဝေး မဖြစ်ပေါ်ဖို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး အထက်တန်းအဆင့်အတန်းတွေကို စတင်သင်ကြားသွားမှာဖြစ်ပါတယ်။

ကျောင်းဖွင့်ချိန်မှာ ကျောင်းသားတွေ ကျောင်းကိုလာတဲ့အချိန်ကနေစပြီး ကျောင်းမှာ စာသင်နေတဲ့အချိန်၊ ကျောင်းဆင်းတဲ့ချိန်အထိ လိုက်နာရမယ့်စည်းကမ်းချက်တွေနဲ့ မိဘတွေ ဆရာတွေ လိုက်နာရမယ့်စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။

ကျောင်းပြန်ဖွင့်တဲ့အခါမှာ ဆရာ/ ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေနဲ့ ပညာရေးဝန်ထမ်းတွေကို နှာခေါင်းစည်း Mask တွေ၊ မျက်နှာအကာတွေ၊ အပူချိန်တိုင်းကိရိယာတွေ၊ ဖြန့်ဝေပေးသွားမှာဖြစ်သလို ကျောင်းတွေအလိုက် လက်ဆေးဘေစင်တွေ၊ လက်သန့်ဆေးရည်တွေနဲ့ ဆပ်ပြာတွေ ထားရှိပေးသွားမှာ ဖြစ်ပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၄၈၀၀၀  ကျော်ရှိပြီး ကျောင်းသား/ကျောင်းသူ ၉ ဒသမ ၇ သန်း တက်ရောက်ပညာသင်ကြားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013