DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်အစိုးရ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေအတွက် ကျပ်သန်း ၁၀၀၀၀ ကျော် တင်ပြတောင်းခံ
DVB
·
May 28, 2020
မွန်ပြည်နယ်အစိုးရ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေအတွက် ကျပ်သန်း ၁၀၀၀၀ ကျော် တင်ပြတောင်းခံ
Donate to DVB

မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ သုံးစွဲမယ့် ဖြည့်စွက်ဘဏ္ဍာငွေအတွက် ကျပ်သန်းပေါင်း ၁၀၀၀၀ ကျော်ကို မေလ ၂၈ ရက်က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ တင်ပြတောင်းခံခဲ့ပါတယ်။

ဒီဖြည့်စွက်ဘဏ္ဍာရန်ပုံငွေမှာ သာမာန်အသုံးစရိတ်အတွက် ငွေကျပ်သန်း ၁၆၀၀ ကျော်၊ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ငွေကျပ် သန်း ၉၀၀၀ ကျော်၊ စုစုပေါင်း ကျပ်သန်း ၁၀၇၄၂ သန်းကို တင်ပြတောင်းခံခဲ့တာပါ။

ဒီဖြည့်စွက်ဘဏ္ဍာရန်ပုံငွေကို မွန်ပြည်နယ် အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာန၊ စည်ပင်သာယာရေးအဖွဲ့ အပါအဝင် ဌာန ၁၁ ခုမှာ သုံးစွဲသွားဖို့ တင်ပြခဲ့တာပါ။

ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေကိုတော့ ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်ဖို့၊ လမ်းတံတား တည်ဆောက်ဖို့၊ မီးပွိုင့် တပ်ဆင်ဖို့ အပါအဝင် လျှပ်စစ်မီး ဖြန့်ဝေပေးတဲ့ ကိစ္စရပ်တွေမှာ အများဆုံး အသုံးပြုသွားမယ်လို့ မွန်ပြည်နယ်စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီး ဦးဝဏ္ဏကျော်က ပြောပါတယ်။

အခုလို တင်ပြလာတဲ့ ဘဏ္ဍာရန်ပုံငွေကိုတော့ မေလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးပြီး အတည်ပြုသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013