DVB Logo
Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ  ၁,၃၀၀ ကျော်ကို စစ်ဆေးရာတွင်   ကိုဗစ်-၁၉  အတည်ပြုလူနာမတွေ့ရှိ
DVB
·
May 28, 2020
ဓာတ်ခွဲနမူနာ  ၁,၃၀၀ ကျော်ကို စစ်ဆေးရာတွင်   ကိုဗစ်-၁၉  အတည်ပြုလူနာမတွေ့ရှိ
Donate to DVB

ဓာတ်ခွဲနမူနာ  ၁,၃၀၀ ကျော်ကို စစ်ဆေးရာမှာ  ကိုဗစ်-၁၉  အတည်ပြုလူနာထပ် မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဓာတ်ခွဲနမူနာ ၁,၀၂၆ ခု၊  ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၅၁ ခု၊  ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲ နမူနာ ၁၆၆ ခု၊ စုစုပေါင်း ၁,၃၄၃  ခုကို မနေ့ညနဲ့ ဒီကနေ့ မနက် စစ်ဆေးပြီးစီးခဲ့တယ်လို့ဆိုပါတယ်။

မေလ ၂၈ ရက် မနက် ၇ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၂၀၆  ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၂၆ ဦး ရှိသွားပြီလို့  ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013