DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့၌ Quarantine ဝင်နေသူ ၁၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
May 27, 2020
ဘူးသီးတောင်မြို့၌ Quarantine ဝင်နေသူ ၁၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ Quarantine ဝင်ရောက်နေထိုင်စဉ် အသည်းရောဂါနဲ့ သေဆုံးသွားတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဆေးရုံမှာ Quarantine ထားရှိသူ ၁ ဦး၊  Facility Quarantine ထားရှိသူ ၁၃ ဦးတို့ရဲ့  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးချက်မှာ  အားလုံး Negative ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက  ပြောပါတယ်။

"သေဆုံးတဲ့ကလေးက အသည်းရောဂါနဲ့ ဘင်္ဂလားမှာ ဆေးသွားကုရာကပြန်လာပြီး ဘူးသီးတောင် နန်းရာကုန်း Quarantine Center မှာ Quarantine ဝင်ရောက်နေထိုင်နေသူ ဖြစ်တယ်။ ဒါကြောင့် သူနဲ့ သူဖခင် အပါအဝင် Facility Quarantine ထားရှိသူ ၁၃ ဦးရဲ့ နှာခေါင်း၊ အာခေါင်တို့ပတ်တွေကို မေလ ၂၃ ရက်နေ့မှာ ပြည်နယ်ကို အရောက်ပို့ပေးခဲ့တယ်။ ကံကောင်းစွာပဲ အားလုံး Negative ဖြစ်ကြောင်း လွန်ခဲ့တဲ့ တနင်္လာနေ့က  e-mail နဲ့ အကြောင်းကြားလာပါတယ်။"လို့ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်မှာ ဘူးသီးတောင်မြို့နယ်၊ ကြက်မောက်တောင်ကျေးရွာမှ အသက် ၅ နှစ် အရွယ်ကလေးငယ်တဦးဖြစ်ပြီး အသည်းမကောင်းတဲ့အတွက် လွန်ခဲ့တဲ့ တလလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားရောက် ဆေးကုသမှုခံယူခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့မှာ ဘူးသီးတောင်မြို့ရှိ နန်းရာကုန်း Quarantine Center မှာ Quarantine ဝင်ရောက်နေထိုင်နေစဉ် မကျန်းမမာဖြစ်လာပြီး ဘူးသီးတောင်ပြည်သူဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သတင်း- လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013