DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့၌ အင်တာနက်သုံးမရသဖြင့် ကိုဗစ်-၁၉ ကုသရေးလုပ်ငန်း အခက်အခဲရှိနေ
DVB
·
August 26, 2020
ဘူးသီးတောင်မြို့၌ အင်တာနက်သုံးမရသဖြင့် ကိုဗစ်-၁၉ ကုသရေးလုပ်ငန်း အခက်အခဲရှိနေ
Donate to DVB

ကိုဗစ်-၁၉ လူနာ ၄ ဦးတွေ့ရှိထားတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ  အင်တာနက်အဆင်မပြေတဲ့အတွက် ရောဂါကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ  အခက်အခဲရှိနေတယ်လို့  ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။

 "အင်တာနက် အဆင်မပြေတဲ့အတွက် ကိုဗစ်ရောဂါကုသရာမှာ အခက်အခဲတွေရှိတယ်။ အရေးကြီးတဲ့ စာရွက် စာတမ်းတွေ အချိန်နဲ့တပြေးညီမပို့နိုင်ဘူး။ လူနာအခြေအနေကိုလည်း ဖုန်းကတဆင့် ပြောနေရ တယ်။ စာရွက်တမ်းတွေ ပို့တာယူတာ အလွန်အခက်အခဲနဲ့ ကြုံတွေ့နေတယ်။ နောက်ပြီးတော့ ကောလာဟလသတင်းတွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့တာတွေ ဒါတွေကို ဖြေရှင်းတဲ့အခါမှာ အခက်အခဲရှိတယ်။"လို့  ပြောပါတယ်။

ဘူးသီးတောင်မြို့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားတဲ့ လူနာတွေထဲမှာ အသက် ၁၅ နှစ်အရွယ် လူနာအမှတ် ၄၆၉ ဟာဟိန္ဒူအမျိုးသမီး ၁ ဦးဖြစ်ပြီး ရောဂါပိုး ဘယ်က ကူးစက်လာမှန်း မသိရသေးပါဘူး။ 

နောက်တဦးဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် လူနာအမှတ် ၄၆၈ ကတော့ ကျောင်းသူတစ်ဦးဖြစ်ပြီး စစ်တွေမြို့ ပုဂ္ဂလိကကျောင်းတစ်ခုမှာ ပညာသင်ကြားနေရာက ကျောင်းတွေပိတ်တဲ့အတွက် ဘူးသီးတောင်မြို့ကို  ပြန်လာခဲ့သူဖြစ်ပါတယ်။

အလားတူ အသက် ၇၅ နှစ်အရွယ် လူနာအမှတ် ၄၆၇ အမျိုးသား တစ်ဦးကတော့  စစ်တွေမြို့ အေးငြိမ်အထူကုဆေးခန်းမှာ ခွဲစိတ်ကုသခံထားရတဲ့ လူနာဖြစ်ပါတယ်။  အသက် ၂၄ နှစ်အရွယ်  လူနာအမှတ် ၄၇၀ အမျိုးသားတဦးကတော့ သံတွဲမြို့က ပြန်လာတဲ့ INGO ဝန်ထမ်း လူနာအမှတ် ၄၁၃ နဲ့ လေယာဉ် အတူစီးလာပနေတဆင့် ကူးစက်ခံရသူဖြစ်တယ်လို့  ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဌာနက သိရှိရပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းရွှေက "အခု ဘူးသီးတောင်မှာ positive လူနာတွေ တွေ့နေပြီ။ ပိုးတွေ့ပြီဆိုတော နီးနီးလေးဖြစ်နေပြီ။ ဒီလို အခြေအနေမှာ အင်တာနက်လိုင်းတွေ ပိတ်ထားတယ်။ ဖွင့်ပေးရင်လည်း ဘာမှသုံးမရဘူးဆိုတော့ တမင်တကာ ကျနော်တို့ကိုပြုလုပ်ထားသလားလို့ စိုးရိမ်မှုတွေဖြစ်နေတယ်” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့လူနာအရေအတွက်များလာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရက မြန်နှုန်းနှေးကွေးတဲ့ အင်တာနက်စနစ်ကို ဆက်လက်အသုံးပြုခွင့်ပေးထားဆဲ ဖြစ်တဲ့အတွက် မြန်နှုန်းမြင့်စနစ်ကို ပြန်ဖွင့်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာ ဖြစ်ပါတယ်။

"အရင်တုန်းကလို 3G တို 4G တို့ မရပါဘူး။ အင်တာနက်ဖွင့်ပြီဆိုပြီး SMS တွေ ပို့ထားတယ်။ 2G ပဲ ရတယ်။ ဘာမှကြည့်မရဘူး” လို့ ဘူးသီးတောင်မြို့ ဒေသခံ ဆွေယောက်တူဆောင်က ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၇ ခုနဲ့  ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ  သြဂုတ် ၁ ရက် ည ၁၀ နာရီကစပြီး  အော်ပရေတာအားလုံးက အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးလိုက်ပေမဲ့ 2G Network သာရရှိလို့  လုံးဝအသုံးပြုလို့ အဆင်မပြေဖြစ်နေကြတာပါ။

ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ အေအေလက်နက်ကိုင်တပ်ဖွဲတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကာလအတွင်း  အင်တာနက်လိုင်းတွေကို အစိုးရက ပိတ်ထားတာဖြစ်ပါတယ်။ 

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013