DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့ရှိ ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်ရန်အခက်အခဲများစွာရှိနေ
DVB
·
December 3, 2020
ဘူးသီးတောင်မြို့ရှိ ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန်ရန်အခက်အခဲများစွာရှိနေ
Donate to DVB

တပ်မတော်နဲ့ အေအေ တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာပေါင်း ၃၀ ကျော်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ အခုအချိန်အထိ နေရပ်ပြန်ဖို့ အများစွာရှိနေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်း ခေါင်းဆောင် ဦးအောင်ကျော်ထွန်းက "ကျနော်တို့ စစ်ဘေးရှောင်စခန်းတွေမှာ ပျော်လို့နေထိုင်နေတာတော့ မဟုတ်ပါဘူး။ ဘူးသီးတောင်မြို့မှာ စစ်ဘေးရှောင်စခန်း ၄ ခုရှိတယ်။ မြို့အပြင်မှာလည်း ရှိပါတယ်။ စစ်ဘေးရှောင် အားလုံးနေရပ်ပြန်ဖို့က ကျေးရွာများအနီးတွေမှာ ယာယီတပ်စွဲထားတဲ့ တပ်စခန်းတွေ မိခင်တပ်ရင်း သို့ ပြန်သွားရမယ်။ ကျေးရွာအတွင်းမှာကျန်နေတဲ့ မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေ အားဖယ်ရှားပေးရပါမယ်။ လက်နက်ကြီးကျရောက်ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ မီးရှို့ခံခဲ့ရတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ပေးရမယ်။ စားနပ်ရိက္ခာ ဖူလုံစွာလုပ်ပေးရမယ်။ အသက်အိုးအိမ်နဲ့ ဘဝလုံခြုံရေး ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးမှ အားလုံးပြန်မှာဖြစ်တယ်"လို့ တောင်းဆို ထားပါတယ်။

သူတို့ဟာ မူလနေရပ်သို့ပြန်နိုင်ဖို့ ကျေးရွာတွေအနီးရှိ ယာယီတပ်စခန်းတွေကို မိခင်တပ်ရင်းသို့ ပြန်သွားဖို့၊ မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေ ဖျယ်ရှားပေးဖို့၊ လက်နက်ကြီး ကျရောက်ပျက်စီးသွားတဲ့ နေအိမ်တွေ၊ မီးရှို့ခံခဲ့တဲ့နေအိမ်တွေ ပြန်လည် ပြုပြင်ပေးဖို့၊ စားနပ်ရိက္ခာဖုံလုံစွာလုပ်ပေးဖို့၊ အသက်အိုးအိမ်နဲ့ ဘဝလုံခြုံရေး ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးဖို့ စတာတွေ လိုလားနေကြတာ ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့နယ် သျှရှားတောင်ကျေးရွာမှ မခင်ခင်အေးက "ကျမတို့က စဂိုးထောင်ကျေးရွာအုပ်စု သျှရှားတောင်ကျေးရွာကပါ။ အခုရောက်ရှိနေတဲ့ နေရာက ဘူးသီးတောင်လမ်းမကျောင်း စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေတာပါ။ အဲဒီက ရွာမပြန်နိုင်တာက စစ်တပ်တွေရွာအနီး စခန်းချထားတယ်။ သူတို့ရှိရင် မသွားရဲပါဘူး။ နောက်ပြီး မိုင်းတွေကိုလည်း ကြောက်ရပါတယ်။ နောက်ပြီး စားသောက်နေထိုင်ရေး လိုအပ်ပါတယ်။ နေအိမ်တွေလည်း မီးရှို့ရာမှာ ပါသွားပါပြီ။ နေအိမ်တွေလည်း ပြန်လည်လုပ်ပေးစေချင်ပါတယ်။ လုံခြုံစိတ်ချရတဲ့အချိန်မှ အိမ်ပြန်ချင်ပါတယ်။"လို့ ပြောဆိုပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ အေအေ တို့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀ လောက်နေရပ်စွန့်ခွာနေကြရပြီး စစ်ဘေးရှောင်စုရပ် ၂၀ ကျော် ရှိပါတယ်။

ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတွေဖြစ်တဲ့ လမ်းမကျောင်းဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းနဲ့ မြတောင်ကျောင်း စစ်ဘေးရှောင်စခန်းနဲ့ ဂန္ဓာရီဘုန်းတော်ကြီးကျောင်း ရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ ရစုစုပေါင်း ၁၃,၀၀၀ ကျော်နေထိုင်နေကာ စစ်ဘေးရှောင်စခန်းတွေရဲ့ ပြင်ပမှာ ၂၈,၁၈၂ ဦး နေထိုင်ကြပါတယ်။

အေအေ အနေနဲ့  ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ တပ်မတော်နဲ့ဆွေးနွေးရာမှာ တိုက်ပွဲအရေးကိစ္စ၊ ပြည်သူလူထုတွေ ရဲ့ ဘဝလုံခြုံမှု၊ ငြိမ်းချမ်းမှု၊ အခြေခံစားသောက်ကုန်၊ ရိက္ခာ၊ ဆေးဝါး ပြတ်လပ်နေမှုနဲ့ ရွေးကောက်ပွဲဆိုင်ရာစတဲ့အချက်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့က တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အွန်လိုင်းကနေတဆင့် နာရီဝက်လောက် ပြောဆိုဆွေးနွေးခဲ့ကြ​ရာ စစ်ဘေးရှောင်တွေ ကင်းလုံခြုံစွာနေရပ်ပြန်နိုင်ရေးပါဆွေးနွေးခဲ့ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013