DVB Logo
Home
မြန်မာသတင်း
ဓီရာမိုရ် ရေးပြီး Rဇာနည်နှင့် အနုပညာရှင်မောင်နှမများ သီဆိုသည့် “ကျေးဇူးတရားရဲ့ပဲ့တင်သံ” သီချင်း (ရုပ်သံ)
DVB
·
May 27, 2020
ဓီရာမိုရ် ရေးပြီး Rဇာနည်နှင့် အနုပညာရှင်မောင်နှမများ သီဆိုသည့် “ကျေးဇူးတရားရဲ့ပဲ့တင်သံ” သီချင်း (ရုပ်သံ)
Donate to DVB

“ထမင်းတပွဲ ကိုယ့်အရှေ့ရောက်တော့ စဉ်းစားမိ… ထွန်ယက်စိုက်ပျိုး… ရိတ်သိမ်း သယ်ပိုးနဲ့… အဆင့်ပေါင်းများစွာ… အချိန်ပေါင်းများစွာ… လူပေါင်းများစွာ… ဟေး… ဘဝတခုရဲ့ နေရာအသီးသီးမှာ… လောကရဲ့ နေရာအသီးသီးမှာ… လှုပ်ရှားနေတဲ့ ကာယ ဉာဏ လူသားတွေများစွာ… အပြန်အလှန်ကူညီခြင်းရဲ့ သဘောနဲ့ လည်ပတ်တဲ့ ကမ္ဘာ… အရာရာကို တန်ကြေးတခုတည်းနဲ့ တန်ဖိုးဖြတ်မရ… နံရံတံတိုင်းမရှိသော မေတ္တာတရား”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ အကျိုးပြုသီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။

“ကျေးဇူးတရားရဲ့ ပဲ့တင်သံ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး ဂီတပညာရှင် အကယ်ဒမီ ဓီရာမိုရ်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး အနုပညာမောင်နှမတွေဖြစ်ကြတဲ့ R.ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ Big Bag၊ ဝေလ၊ အောင်ထက်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ နီနီခင်ဇော်တို့က သီဆိုပေးထားကြတာ ဖြစ်ပါတယ်။

“ကျေးဇူးတရား… ပဲ့တင်သောအရာ… စာနာကူညီဖေးမ မြင့်မြတ်တဲ့ ရောင်ပြန် များ… ကျေးဇူးတရား… အနှိုင်းမဲ့သောအရာ… တခါတလေ မမြင်တတ် မသိတတ် မေ့တတ်တဲ့ နောက်ကွယ်မှာ”

အသက် ၄၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂီတပညာရှင် ဓီရာမိုရ်ဟာ လက်ရှိ အမျိုး သားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အနုပညာ တေးရေး၊ တေးဆို၊ ဂီတအနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေသူ တယောက်ဖြစ်ပါ တယ်။

သူဂီတမှူးအနေနဲ့ တာဝန်ယူခဲ့တဲ့ ဇော်ကကနေသည်၊ လူးရတနာသိုက် ရုပ်ရှင် ကားတွေနဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ နောက်ခံတေးဂီတဆုတွေ ရရှိထားသူ ဖြစ်ပါတယ်။

ခုဖန်တီးပုံဖော်လိုက်တဲ့ သီချင်းမှာလည်း NUAC Orchestra တီးဝိုင်းရဲ့ မြိုင်ဆိုင်တဲ့ ပံ့ပိုးမှုနဲ့ ပုံစံတမျိုးနဲ့ ထူးထူးခြားခြား ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“သံသရာမှာ လည်ပတ်နေသမျှ… အရာအားလုံးမှာ… အနွေးထွေးဆုံးသော အရာ … အလင်းလက်ဆုံးသောအရာ… ကျေးဇူးတရား… ရေး… သေးငယ်တဲ့ မိုးစက်ငယ်လေး က ပန်းလေးတပွင့် ပွင့်နိုင်တယ်… ဖြူစင်တဲ့ အားပေးကူညီခြင်းက အပြုံးပန်းများ ပွင့်နိုင် တယ်”

လတ်တလောကာလဟာ ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း COVID-19 ကပ်ဘေးနဲ့ ရင်ဆိုင်နေကြရချိန်ဖြစ်ပြီး အခက်အခဲတွေကြား ကာကွယ်ကုသရေးလုပ်ငန်း တွေမှာ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်နေကြရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ စေတနာရှင် ပြည်သူတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ အလှူရှင်တွေအတွက် တန်ကြေးနဲ့ တန်ဖိုးဖြတ်မရတဲ့ စာနာကူညီဖေးမမှု ကျေးဇူးတရားကို ဂုဏ်ပြုတဲ့ သီချင်းတပုဒ် အနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ Xenon Entertainment က ထုတ်လုပ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013