DVB Logo
Home
မြန်မာသတင်း
IMF ထံက အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးယူရန် လွှတ်တော် သဘောတူ
DVB
·
May 26, 2020
IMF ထံက အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးယူရန် လွှတ်တော် သဘောတူ
Donate to DVB

နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ဆီကနေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးယူဖို့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။ 

နိုင်ငံရဲ့ မြင့်တက်လာနိုင်တဲ့ ဘတ်ဂျက်လိုငွေကို IMFဆီကနေ ချေးငွေရယူဖြည့်တင်းဖို့နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေက မေလ ၂၂ ရက် ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ  ဆွေးနွေးခဲ့ကြပါတယ်။ 

ဒီနေ့မေလ ၂၆ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့ သက်ဆိုင်ရာအစိုးရ အဖွဲ့ဝင်တွေ ဆွေနွေးမှုတွေအပေါ် ပြန်လည်ရှင်းလင်းခဲ့ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူရာ မှာတော့ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။ 

နှစ်စဉ်ဘတ်ဂျက်လိုငွေ ပြနေမြဲဖြစ်ပေမယ့် အခုနှစ်မှာတော့ COVID-19 ရောဂါကြောင့် ဘတ်ဂျက်လိုငွေ ပိုများလာမှာဖြစ်သလို နိုင်ငံရဲ့ ဂျီဒီပီလည်း နှစ်ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့  စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဘတ်ဂျက်လိုငွေအတွက် အခုလို ချေးငွေရယူရတာဟာ COVID-19 ကြောင့် နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေကို အနည်းဆုံး ဖြစ်အောင်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို အမြန်ဆုံးပြန်လည်ရရှိစေဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

COVID-19 ကြောင့် ထိခိုက်ခံရသူတွေအတွက် နိုင်ငံရဲ့ ဘတ်ဂျက်တွေကို သုံးစွဲမယ်ဆို ပေမယ့် ဘယ်နေရာမှာ ဘယ်လောက်သုံးစွဲမယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ဒုဝန်ကြီးက ပြောပါတယ်။

  COVID-19 ရောဂါကြောင့် နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေဟာ ခါတိုင်းနှစ်တွေထက် ပိုမို မြင့်တက်လာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ IMF နဲ့ JICA တို့ထံကနေ ချေးငွေတွေ ရယူဖို့ ဆောင်ရွက်နေတာပါ။ 

COVID အလွန် နိုင်ငံရဲ့ စီးပွားရေး အမြန်ပြန်လည်ထူထောင်လာစေဖို့အတွက်လည်း နိုင်ငံဂျီဒီပီရဲ့ ၅ ရာခိုင်နှုန်းအထိ သုံးစွဲသွားဖို့ အစိုးရအနေနဲ့ ရည်မှန်းထားတယ်လို့ လည်း ဒုဝန်ကြီးက ပြောပါတယ်။ 

ဖြိုးသက်ပိုင်မြင့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013