DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ COVID-19 လူနာ ၂၀၃ ဦးအနက် ရောဂါပိုးကင်းစင်လာသူ ၁၂၃ ဦးရှိလာ
DVB
·
May 26, 2020
မြန်မာနိုင်ငံရှိ COVID-19 လူနာ ၂၀၃ ဦးအနက် ရောဂါပိုးကင်းစင်လာသူ ၁၂၃ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၂၀၃ ဦး ရှိတဲ့အထဲက ရောဂါပိုးကင်းစင်လာသူ ၁၂၃ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က  ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၃၇၅ ခုကို  ဒီနေ့မနက်စောပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

မနေ့ညကတော့ အီတလီနိုင်ငံက ပြန်လာသူတဦးနဲ့ အိန္ဒိယနိုင်ငံက ပြန်လာသူတဦးမှာ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါလူနာသစ် နှစ်ဦးအနက် တဦးက  ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် အီတလီပြန် အမျိုးသားတဦးဖြစ်ပြီး လှိုင်မြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။

ကျန်တစ်ဦးကတော့ နေပြည်တော် ပျဉ်းမနားမြို့နယ်မှာနေထိုင်တဲ့  အသက် ၄၁ နှစ် အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်) မှာ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။

Photo- Theingi WinMyat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013