DVB Logo
Home
မြန်မာသတင်း
တပ်တွင်းမဲရုံများ အပြင်ထုတ်ရန် ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်မည် 
DVB
·
May 25, 2020
တပ်တွင်းမဲရုံများ အပြင်ထုတ်ရန် ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်မည် 
Donate to DVB

တပ်တွင်းမဲရုံတွေကို တပ်ပြင်ပထုတ်ရေး အပါအဝင် လွှတ်တော်အသီးသီးရဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ ပြင်ဆင်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုတယ်လို့ မှတ်ယူပြီး ဆက်လက်ဆောင်ရွက်မယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောပါတယ်။

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပြန်လည်ပေးပို့ထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊  တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အသီသီးတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပဉ္စမအကြိမ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး မေလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ဆောင်ရွက်ခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ အခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဆွေးနွေး ဆောင်ရွက်ခဲ့ချိန်က တပ်တွင်းမဲရုံတွေကို တပ်ပြင်ပထုတ်ရေးနဲ့ မဲဆန္ဒပြင်ပရောက်သူတွေရဲ့ မဲပေးခွင့်ကို ရက်ပေါင်း ၁၈၀ အတွင်း အစားရက်ပေါင်း ၉၀ နဲ့ အစားထိုးပြင်ဆင်ဖို့ အတည်ပြုခဲ့ပါတယ်။

ဒီဥပဒေပြင်ဆင်တာနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ချိန်ကလည်း ပြည်သူ့လွှတ်တော် အတည်ပြုချက်တွေအတိုင်း အတည်ပြုပြီး ပြည်သူ့လွှတ်တော်ကို ပြန်လည်ပေးပို့ခဲ့တာပါ။ 

ဒါကြောင့် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲမှုမရှိတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အသီသီးတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပဉ္စမအကြိမ် ပြင်ဆင်မှုတွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုတယ်လို့ မှတ်ယူပြီး၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၀ နဲ့ နည်းဥပဒေခွဲ (ဂ) နဲ့ (ဃ) တို့အရ ဆက်လက်ဆောင်ရွက်မယ်လို့ ဦးတီခွန်မြတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတွေ အပါအဝင် တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ၄၀၀၀၀ ကျော်နဲ့ ဆောင်ရွက်ခဲ့ပြီး မဲပေးသူ ၃၄ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013