DVB Logo
Home
မြန်မာသတင်း
တပ်တွင်းမဲရုံကိစ္စ ယခင်ရွေးကောက်ပွဲတုန်းကလို ပြဿနာမဖြစ်နိုင်ဟု ပဲခူးတိုင်း ကော်မရှင်ပြော
DVB
·
February 10, 2020
တပ်တွင်းမဲရုံကိစ္စ ယခင်ရွေးကောက်ပွဲတုန်းကလို ပြဿနာမဖြစ်နိုင်ဟု ပဲခူးတိုင်း ကော်မရှင်ပြော
Donate to DVB

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင် တပ်ထဲမှာမဲရုံတွေမထားရှိတော့တဲ့အတွက် အရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကဖြစ်ခဲ့တဲ့ ပြဿနာတွေဖြစ်လာဖို့အကြောင်း မရှိဘူးလို့ ပဲခူးတိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲအကြိုကာလနဲ့၊ ရွေးကောက်ပွဲကျင်းပချိန်တွေတုန်းက ပဲခူးတိုင်းအတွင်းက တပ်တွင်းမဲရုံတွေကို  ကိုယ်စားလှယ်လောင်းတွေရော သတင်းထောက်တွေ ဝင်ရောက်ရာမှာပါ နယ်မြေခံစစ်တပ်က ပိတ်ပင်တားမြစ်တာတွေ ရှိခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာတော့  တပ်တွင်းမဲရုံတွေ ရှိတော့မှာမဟုတ်လို့  အဲဒီလိုမျိုး ပြဿနာတွေ မရှိနိုင်ဘူးလို့ တိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပြည်မြို့မှာ ပထမအကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပဲခူးတိုင်းမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်လောင်းတယောက်က မဲရုံတွေ စစ်ဆေးဖို့ စစ်တပ်မဲရုံတခုကို သွားရာမှာတားမြစ်ခံခဲ့ရပြီး နောက်မှ ကန့်သတ်ချက်တွေနဲ့ ဝင်ခွင့်ပေးခဲ့ ပေမယ့် သတင်းထောက်တွေကိုတော့ ဝင့်မပေးခဲ့ဘူးလို့ အဲဒီအချိန်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပန်းတောင်းမြို့နယ်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်က ပြောပါတယ်။

ဒီနေ့သင်တန်းမှာတော့ ပဲခူးတိုင်း ပြည်ခရိုင်ထဲက ဌာနဆိုင်ရာတွေနဲ့ ရွေးကောက်ပွဲအတွက် စေတနာ့ဝန်ထမ်းအဖြစ်ကူညီပေးမယ့် ဝန်ထမ်း ၅၅ ယောက်ကို ၂ ရက်သင်တန်းပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013