DVB Logo
Home
မြန်မာသတင်း
မေ့ဆေးအထူးကု ဆရာဝန် ဒေါက်တာဒေါ်မြင့်မြင့်စိန် ဆေးရုံကဆင်း
DVB
·
May 25, 2020
မေ့ဆေးအထူးကု ဆရာဝန် ဒေါက်တာဒေါ်မြင့်မြင့်စိန် ဆေးရုံကဆင်း
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ မေ့ဆေးအထူးကု ဆရာဝန်ဒေါက်တာ ဒေါ်မြင့်မြင့်စိန်ဟာ ရောဂါပျောက်ကင်းသွားပြီဖြစ်တဲ့အတွက် မေလ ၂၅ ရက်နေ့မနက်ပိုင်းမှာ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

သူဟာ ပြည်မြို့ဆေးရုံကြီးမှာ သေဆုံးသွားတဲ့ ကိုဗစ်-၁၉ လူနာနံပါတ် ၁၇ ကို အနီးကပ်ဆေးကုသမှုပေးခဲ့ပြီးနောက် ဧပြီလ ၁၂ ရက်နေ့က ရောဂါပိုး ကူးစက်ခံရတာ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်စိန်ဟာ အစောပိုင်းမှာ ရောဂါပိုးပျောက်ကင်းလိုက် ပြန်တွေ့လိုက် ဖြစ်နေခဲ့ပြီး အခုအခါမှာတော့ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရတော့တဲ့အတွက် ဆေးရုံက ဆင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

သူဟာ ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ရောဂါပျောက်ကင်းတဲ့အခါ အဲဒီမှာပဲ quarantine ၁၄ ရက် ဝင်ခဲ့ပါတယ်။ ဆေးရုံကပြန်တဲ့အခါ ရန်ကုန်မြို့ရှိ နေအိမ်မှာ နေထိုင်မှာဖြစ်သလို အဲ့ဒီကနေ  ပြည်မြို့ကို ပြန်မယ်လို့ သိရပါတယ်။

Photo- Daw Myint Myint Sein

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013