DVB Logo
Home
မြန်မာသတင်း
မုံရွာဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ရန် ခရိုင်ဗကသအဖွဲ့ချုပ်က Mask များ ဝေငှ
DVB
·
May 24, 2020
မုံရွာဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ရန် ခရိုင်ဗကသအဖွဲ့ချုပ်က Mask များ ဝေငှ
1 / 4
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မုံရွာခရိုင်)ကနေ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအထောက်အကူပြုအဖြစ် မုံရွာမြို့က လူစည်ကားတဲ့ ဈေးတွေမှာ လက်ဆေးရည်၊ နှာခေါင်းစည်းတွေကို အခမဲ့ဝေတာ၊ အသိပညာပေးတာတွေကို လုပ်နေပါတယ်။

ဒါဟာ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ တဖက်တလမ်းကနေ ပြည်သူတွေအတွက် ပူးပေါင်း ဆောင်ရွက်တာဖြစ်ပြီး ဧပြီလ ၁၁ ရက်မှာ ဗကသများအဖွဲ့ချုပ်က ထုတ်လုပ်တဲ့ လက်သန့်ဆေးရည် ဘူး ၂၀၀၊ မေလ ၁၀ ရက်မှာ ကန်သာယာပျံကျဈေးအတွင်း Mask အခု ၁၀၀၀၊ မြသလ္လာဈေးမှာ Mask အခုရေ ၅၀၀ နဲ့ မေလ ၂၄ ရက်မှာတော့ တတိယအကြိမ်အဖြစ် မန်ကျည်းပင်ဈေးမှာ Mask အခုရေ ၅၀၀ တို့ကို အခမဲ့ဝေခဲ့ပါတယ်။

“လက်ရှိ ကျောင်းတွေလည်း ပိတ်ထားတယ်။ ကိုဗစ်ကာကွယ်ရေးက အားလုံးနဲ့ သက်ဆိုင်တဲ့ အတွက် တဖက်တလမ်းကနေ ပြည်သူတွေအတွက် ကူညီဆောင်ရွက်တာ ဖြစ်ပါတယ်။ အဓိကကတော့ လူစည်ကားရာနေရာတွေကို ဦးစားပေးဆောင်ရွက်တာပါ။ Mask က Surgical Mask လည်းပါတယ်။ ချုပ်ထားတဲ့ အဝတ် Mask တွေလည်း ပါတယ်” လို့ ကျောင်းပိတ်ရက် တာဝန်ခံ၊ တွဲဖက်အတွင်းရေးမှူး ကိုပြည့်ဖြိုးမောင်မောင်က ပြောပါတယ်။

လတ်တလောမှာတော့ ဈေးတွေကို အဓိကထားပြီး ပညာပေးတာ၊ mask ဝေတာတွေ လုပ်နေပြီး နောက်ထပ်လည်း လူစည်ကားရာနေရာတွေကို အစီအစဉ်ဆွဲကာ ထပ်မံဝေငှအသိပညာ ပေးဦးမယ်လို့ ဆိုပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းမှာတော့ Mask မတပ်ဘဲ သွားလာနေတဲ့သူတွေကို အရေးယူတာကို မေလ ၂၂ ရက်ကနေ စတင်လုပ်ဆောင်နေပါတယ်။ 

အစိုးရကနေ Mask မတပ်သူတွေကို ဖမ်းဆီးအရေးယူတဲ့အတွက် လမ်းပေါ်မှာ သွားလာသူ အများစုက အရင်ကထက် Mask တပ်လာတာ များလာပေမယ့် မတပ်ဘဲ သွားလာနေသူတွေလည်း ရှိနေပါသေးတယ်။ 

အပြင်ထွက်သွားလာတိုင်း Mask တပ်ဖို့ကို အစိုးရ ဌာနဆိုင်ရာတွေတင်မက အဖွဲ့အစည်း အသီးသီးကလည်း အသိပညာပေးတာ၊ Mask အခမဲ့ ဝေငှတာတွေ လုပ်နေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013