DVB Logo
Home
မြန်မာသတင်း
အတည်ပြုလူနာသစ် မတွေ့၊ ရောဂါပိုးကင်းစင်သူ ၁၂၀ အထိရှိလာ
DVB
·
May 24, 2020
အတည်ပြုလူနာသစ် မတွေ့၊ ရောဂါပိုးကင်းစင်သူ ၁၂၀ အထိရှိလာ
Donate to DVB

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီမနက်စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူ ၄၆၈ ခုမှာ COVID-19 ရောဂါ အတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ 

ဓာတ်ခွဲအတည်ပြုလူနာဟောင်းတွေကို စစ်ဆေးရာမှာတော့၂ ကြိမ်ဆက်တိုက် ပိုးမရှိသူ ၄ ယောက် ရှိတဲ့အတွက် ရောဂါပိုးကင်းစင်သူ ၁၂၀ အထိ ရှိလာပါတယ်။ 

သူတို့အထဲမှာ ၁၀၇ ယောက်ကိုတော့ ဆေးရုံကနေ ဆင်းခွင့်ပြုပြီး အသွားအလာကန့်သတ် စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။

မေ ၂၃ ရက်နေ့အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက ဓာတ်ခွဲနမူနာ ၆၅၅ ခုနဲ့ ဆေးသုတေသန ဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၂၆ ခု စုစုပေါင်း ၇၈၁ ခုကို စစ်ဆေးရာမှာ ဓာတ်ခွဲ အတည်ပြုလူနာသစ် မတွေ့ရှိတာပါ။

မေ ၂၄ ရက်နေ့  မနက်ပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ  ၂၀၁ ယောက်နဲ့၊ သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013