DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် Mask မတပ်သူ ၆၀၀ ကျော်ကို ဒဏ်ရိုက်၊ ၇ ဦးကို ဥပဒေအရ အရေးယူထား
DVB
·
May 23, 2020
မိုးညှင်းတွင် Mask မတပ်သူ ၆၀၀ ကျော်ကို ဒဏ်ရိုက်၊ ၇ ဦးကို ဥပဒေအရ အရေးယူထား
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ အိမ်ပြင်ထွက် Mask မတပ်သူ ၆၀၀ ကျော်ကို ပညာပေးတဲ့အနေနဲ့ ဒဏ်ငွေ  ၁၀၀၀ စီ ဒဏ်ရိုက်ခဲ့ပြီး  ညအချိန်မတော်ထွက်သူ ၇ ဦးကို ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့မှာ  မြို့နယ်ကိုဗစ်ကော်မတီ၊ ယာဉ်ထိန်းရဲ ရပ်ကျေးနဲ့  ပရဟိတအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး နှာခေါင်းစည်း ၃ ရက်တာ အခမဲ့ ပေးဝေခဲ့ပြီး မေ၂၂ ရက်မနက်နဲ့ ညနေပိုင်းမှာ ဒဏ်ရိုက်ခဲ့တာလို့ မြို့နယ်ထွေအုပ်ဦးစီးမှူးက ပြောပါတယ်။

“ဒီလို ၁၀၀၀ စီ ပညာပေးဒဏ်ရိုက်တာ ၃ ရက်ထက်မနည်း လုပ်ဆောင်မှာပါ။ ပြီးမှ ကျန်းမာရေးဥပဒေနဲ့တွဲပြီး ၅ ထောင်စီ ဒဏ်ရိုက်ဖို့ စီစဉ်ရမှာပါ။ လိုအပ်ရင် အရေးယူမှာပါ” လို့ ပြောပါတယ်။

မြို့နယ် ကိုဗစ်ကော်မတီဝင်တဦးက “ဒဏ်ရိုက်ရာမှာ မနက်ပိုင်းလူ ၃၀၀ ကျော်ခဲ့တဲ့အတွက် ညနေ ၄ နာရီနောက်ပိုင်း ပြန်စချိန်မှာတော့ Mask တပ်ပြီးပဲ အိမ်ပြင်ထွက်ကြမယ် ထင်ခဲ့တာ၊ လူ ၂၀၀ ကျော်တောင် ဒဏ်ရိုက်ခဲ့ရသေးတယ်။ ချို့တဲ့သူတွေ ၁၀၀ ကျော်ကိုတော့ ငွေမယူဘဲ နှာခေါင်းစည်းပဲ ပေးလိုက်တယ်” လို့ ပြောပါတယ်။

ပထမတရက်မှာ ဒဏ်ရိုက်ရရှိငွေ ၅ သိန်း ၈ သောင်းကျော်ကို မြို့နယ် ကိုဗစ် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထောက်ပံ့ရေးကော်မတီကို ရန်ပုံငွေအဖြစ် ပေးအပ်သွားမှာဖြစ်ပြီး ကိုဗစ်ကာလအတွင်း ညအချိန်မတော်ထွက်သူ ၇ ဦးကို ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

မုန်းမုန်းမင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013