DVB Logo
Home
မြန်မာသတင်း
မလေးရှားပြန် တီးတိန်မြို့က အမျိုးသား ၂ ဦးတွင် COVID-19 ရောဂါ တွေ့ရှိ
DVB
·
May 23, 2020
မလေးရှားပြန် တီးတိန်မြို့က အမျိုးသား ၂ ဦးတွင် COVID-19 ရောဂါ တွေ့ရှိ
Donate to DVB

မေ ၂၂ ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ်အဖြစ် ဒီနေ့မနက်ပိုင်း  စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၃၇၄ ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂ ဦးတွေ့ရှိခဲ့ပါတယ်။

အဲဒီအတည်ပြုလူနာ အမျိုးသား ၂ ဦးဟာ မလေးရှားနိုင်ငံက ပြန်ရောက်လာတဲ့ ချင်းပြည်နယ် တီးတိန်မြို့ကဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် လူနာအမှတ် ၂၀၀ နဲ့ အသက် ၂၆ နှစ်အရွယ် လူနာအမှတ် ၂၀၁ တို့ ဖြစ်ပါတယ်။ 

သူတို့ ၂ ဦးဟာ မလေးရှားက ပြန်ရောက်လာပြီးနောက် ချင်းပြည်နယ် တီးတိန်မြို့ ပြည်သူ့ဆေးရုံမှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသူတွေ ဖြစ်ပါတယ်။

ဒီနေ့မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၀၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေမှာ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၁၆ ဦးရှိပါတယ်။

မေ ၂၂ ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၆၁ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၇၉ ခု၊ စုစုပေါင်း ၇၄၀ ခု အား စစ်ဆေးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013