DVB Logo
Home
မြန်မာသတင်း
သမန်းကျားကိုမြင့်သီချင်းကို ဂစ်တာတီးပြီး ဆိုပြသည့် ဖွားဖွား အွန်လိုင်းပေါ် နာမည်ကြီးနေ(ရုပ်သံ)  (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
May 22, 2020
သမန်းကျားကိုမြင့်သီချင်းကို ဂစ်တာတီးပြီး ဆိုပြသည့် ဖွားဖွား အွန်လိုင်းပေါ် နာမည်ကြီးနေ(ရုပ်သံ)   (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
Donate to DVB

“အရှက်နည်းတယ် ဆိုချင်ဆိုတော့… ချောနှမရယ်… အခက်သားကွယ်… ရင်မှာ သိုဝှက် မထားတတ်တယ်… ချစ်စပျိုးသူ မောင်မှာကွယ်… မီးစထိုးသလို ပူလောင်တယ် … ဝသုန်ရယ်… ပြန်လည်သနားသင့်ပါတယ်”

ဒါကတော့ လွန်ခဲ့တဲ့ ၁၉၇၀/၈၀ ပြည့်လွန်ကာလတွေမှာ ထင်ရှားကျော်ကြားတဲ့ တေးသီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“ပြန်လည်သနားသင့်ပါတယ်”အမည်ရတဲ့ ဒီသီချင်းကိုတော့ သမန်းကျားရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ ကိုမြင့်ရေးစပ်ပြီး သူနဲ့ စိုင်းဝဏ္ဏတို့ အတူတွဲ ဖက်သီဆိုထားခဲ့ကြတာ ဖြစ် ပါတယ်။

မြန်မာ့ရုပ်ရှင်ရွှေခေတ်မှာတော့ သမန်းကျားရုပ်ရှင်ဟာ တခေတ်ဆန်းတဲ့ ရုပ်ရှင် ကားတကားအနေနဲ့ရော ဇာတ်ဝင်သီချင်းဟာလည်း လက်ရှိကာလထိတိုင် တမ်းတနေရ ဆဲ သီချင်း ဖြစ်ခဲ့ပါတယ်။

ဒီကားနဲ့ပဲ သမန်းကျားကိုမြင့်လို့ အမည်တွင်ခဲ့ပြီး သူသီဆိုခဲ့တဲ့ တို့ရဲ့ကမ္ဘာ၊ ပြစ်ပါ ပြေးပါရက်စက်ပါ၊ ညီမစတဲ့ သီချင်းတွေနဲ့အတူ ပြန်လည်သနားသင့်ပါတယ်ကလည်း နာ မည်ကြီးတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

“စိတ်များရယ် မနေသာနိုင်ပဲ စွဲမိတယ်… ထိပ်ထားစံပယ် ဘာလိုချင်သလဲ ပြောပြ ကွယ်… အချစ်အတွက်များဆို ရင်ဆိုင်မယ်… ကျားသစ်နဲ့ ကျားတောင် ယှဉ်နိုင်တယ်… ဓူဝံကြယ် အသာပင် ခုန်လို့ လှမ်းယူမယ်”

ခုတခါမှာတော့ ဒီသီချင်းကို အသံပါရမီရှင် အဖွားတယောက်ရဲ့ သီဆိုဟန်နဲ့ ရှုစား ကြရမှာ ဖြစ်ပါတယ်။

နေအိမ်ထဲမှာ ရိုးရိုးရှင်းရှင်းနဲ့ ဂစ်တာကို ကိုယ်တိုင်တီးခတ်ပြီး သီချင်းကို ပိုင်ပိုင် နိုင်နိုင် သီဆိုပြခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Vision Entertainment ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“ပြန်လည်သနားသင့်ပါတယ်-၁၉၇၀ ဝန်းကျင်ခန့်က သီချင်းလေးလို့ မှတ်သားရ ပါတယ်… အသက်ကြီးပေမယ့်မပျက်စီးသေးပါဘူး ဆိုတဲ့စကားအတိုင်းပဲ... ဂစ်တာသံ ရော… သီဆိုထားတဲ့အသံကိုရော နားထောင်ကြည့်ရင် အရမ်းနားထောင်လို့ ကောင်းပါ တယ်… အဖွားကိုအားပေးကြပါအုံးနော်”

လက်ရှိမှာတော့ ဒီသီချင်းကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013