DVB Logo
Home
Data Story
နေရပ်ပြန် မြန်မာများတွင် ကိုဗစ်နိုင်တင်း ကူးစက်မှု
DVB
·
May 22, 2020
နေရပ်ပြန် မြန်မာများတွင် ကိုဗစ်နိုင်တင်း ကူးစက်မှု
1 / 7
Donate to DVB

နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား အစီအစဉ် အသီးသီးဖြင့် ပြန်လည်ခေါ်ဆောင်မှုကို ဖေဖော်ဝါရီလ ၃ရက်နေ့တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပိတ်မိနေသော မြန်မာပညာတော်သင် (၆၃)ဦးနှင့် အစပြုခဲ့သည်။ ဆက်လက်ပြီး ဧပြီလအတွင်း ၄၀၀ ကျော်နှင့် မေလအတွင်း ၂၅၀၀ ကျော်ဖြစ်ပြီး ပြန်ရောက်လာသူ စုစုပေါင်းမှာ ၃,၀၀၀ ခန့် ရှိနေပြီဖြစ်ပါသည်။

ယနေ့အထိ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ ၊ သိရီလင်္ကာ၊ မော်လဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှား၊ အာရပ် စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ကာတာ၊ အီတလီ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား သယ်ဆောင်သည့် ကယ်ဆယ်ရေးလေယာဉ်များ အကြိမ်(၃၀)နီးပါး ရှိနေပြီဖြစ်သည်။



၎င်းတို့အား သက်ဆိုင်ရာ Quarantine center များတွင် (၂၁)ရက်ကြာ အသွားအလာကန့်သတ်ထားရှိပြီး ကိုဗစ်နိုင်တင်း ရောဂါ ကူးစက်ခံရမှု ရှိ/မရှိ စစ်ဆေးလျက်ရှိရာ မေလ(၂၂)ရက်နေ့အထိ အိန္ဒိယနိင်ငံ ပြန်လာသူများမှ (၁) ဦး၊ မလေးရှားပြန်များမှ (၉) ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)ပြန်များမှ (၈)ဦး၊ ယနေ့အထိ စုစုပေါင်း (၁၈) ဦးတွင် ရောဂါပိုးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြော်ငြာချက်များအရ သိရှိရသည်။



ယနေ့ ၂၀၂၀ခုနှစ်၊ မေလ (၂၂)ရက်၊ မနက် ၇နာရီထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ရောဂါကူးစက်ခံရသူ စုစုပေါင်း (၁၉၉) ဦး ရှိသည့်အနက် ပြည်ပမှ ကူးစက်ခံရသူမှာ (၄၃) ဦးရှိပြီး ၅ပုံ ၁ပုံကျော်ခန့်ဖြစ်ပါသည်။ ၎င်း ပြည်ပမှ ကူးစက်ခံရသူ (၄၃) ဦးအနက် နယ်စပ်မှ ပြန်လာသူများမှ (၅) ဦး၊ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လာသူများမှ (၁၈ ဦး) စုစုပေါင်း ပိုးတွေ့ရှိသော နေရပ်ပြန်မြန်မာများ (၂၃) ဦးဖြစ်ပြီးရာခိုင်နှုန်းအားဖြင့် ပြည်ပ ကူးစက်လူနာများ၏ ၅၄ % ထက်ဝက်ကျော် ဖြစ်သည်။ကျန် ၄၆ ရာခိုင်နှုန်းဖြစ်သော (၂၀ဦး)မှာ လေကြောင်းခရီးစဉ်များ မကန့်သတ်ခင်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများဖြစ်သည်။ ၎င်း ၂၀ ဦးတွင် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားခရီးသွားဧည့်သည်များ၊ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ ပါရှိသည်၊

COVID 19 Import cases

ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လာသူများမှ ရောဂါပိုးတွေ့သူ (၁၈) ဦးမှာ ဧပြီလ ၂၂ ရက်တွင် သီတဂူဆရာတော်၏ အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၁) ဦိး၊ မေလ(၈) ရက်နေ့တွင် မလေးရှားမှ ပြန်လာသူ (၁) ဦး၊ မေလ (၁၁) ရက်နေ့တွင် မလေးရှားမှ ပြန်လာသူ (၈) ဦး။ မေလ (၁၀) ရက်တွင် ယူအေအီးမှ ပြန်လာသူ (၈)ဦး တို့ဖြစ်သည်။ နယ်စပ်မှ ပြန်လာသူ (၅) ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူ (၄) ဦး၊ တရုတ်နိုင်ငံမှ ပြန်လာသူ (၁) ဦး ဖြစ်ပါသည်။ လေကြောင်းပျံသန်းမှုများ ကန့်သတ်ပိတ်ပင်လိုက်သည့် မတ်လအကုန်မှစ၍ ပြည်ပမှ ကူးစက်မှုများ မရှိသလောက် လျော့ကျခဲ့ရာမှ ယခုမေလဆန်း ကယ်ဆယ်ရေးလေယာဉ်များ ပျံသန်းပြီး ၂ပတ်အကြာ ပြည်ပကူးစက်ခံလူနာများ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။



ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်သော ၂၀.၅.၂၀၂၀ ထိ နောက်ဆုံးရစာရင်းများးအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ Facility Quarantine Center (၁၀,၅၂၃) ခုတွင် အသွားလာကန့်သတ်စောင့်ကြည့်ခံထားသူ (၆၁,၆၅၁) ဦး ရှိပြီး ပြည်နယ်/တိုင်း ဆေးရုံများတွင် စောင့်ကြည့်လူနာ (၄,၅၆၃) ဦး ရှိကြောင်း သိရှိရသည်။



- DVB DATA Team

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013