DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့၌ mask မတပ်သူ ၁၃၀ ခန့်ကို ဒဏ်ရိုက်အရေးယူ
DVB
·
May 22, 2020
လက်ပံတန်းမြို့၌ mask မတပ်သူ ၁၃၀ ခန့်ကို ဒဏ်ရိုက်အရေးယူ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ တိုင်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ mask မတပ်သူတွေကို မေ ၂၁ ရက်နေ့ မနက်ပိုင်းက ပထမဆုံးအကြိမ် ဒဏ်ရိုက်အရေးယူခဲ့ရာ လူ ၁၃၀ လောက်ရှိတယ်လို့ သိရပါတယ်။

လက်ပံတန်းမြို့ COVID-19 ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးဆာင်ပြီး လမ်းမတော်လမ်းနဲ့ တန် - ၂၅၀ လမ်းထောင့်ကနေ မြို့အတွင်းကို mask လုံခြုံစွာတပ်ဆင်ထားခြင်းမရှိဘဲ ဝင်ရောက်လာသူတွေအား ၁ ဦးကို mask ၂ ခုပေးတာနဲ့ ကျပ် ၂၀၀၀ ဒဏ်ရိုက်တာတွေ ပြုလုပ်ခဲ့တာလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက ပြောပါတယ်။

မေ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ပြည်သူတွေ ပြင်ပကို ထွက်ခွာတဲ့အခါ စနစ်တကျ လုံခြုံစွာ mask တပ်ဆင်ဖို့ အသိပညာပေး ပြုလုပ်ခဲ့ပြီးနောက် မေ ၂၁ ရက်ကစတင်ကာ COVID-19 ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်း အထောက်အကူပြုအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ စေတနာ့ဝန်ထမ်းများစုပေါင်းပြီး လက်ပံတန်းမြို့အဝင် လမ်းဆုံကနေ စောင့်ဆိုင်းကာ အခုလို အရေးယူဆောင်ရွက်တာလို့ ဆိုပါတယ်။

အရေးယူမှုကို မေ ၃၁ ရက်နေ့အထိကို လက်ပံတန်းမြို့ အဝင် လမ်းဆုံနေရာတွေနဲ့ လူစည်ကားရာနေရာတွေမှာ ဆက်လက်ဆောင်ရွက်မယ်လို့  မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သတင်း/ဓာတ်ပုံ ဝဏ္ဏထွန်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013