DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့က မွေးမြူရေးငါးများ အဆိပ်မိသေဆုံးခြင်းမဟုတ်ဟု တာဝန်ရှိသူပြော
DVB
·
October 10, 2020
လက်ပံတန်းမြို့က မွေးမြူရေးငါးများ အဆိပ်မိသေဆုံးခြင်းမဟုတ်ဟု တာဝန်ရှိသူပြော
Donate to DVB

ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ မွေးမြူရေးငါးတွေ သေဆုံးတာဟာ အဆိပ်မိတာကြောင့်မဟုတ်ဘဲ ငါးကောင်ရေများပြီး အောက်စီဂျင်ပြတ်လပ်တာနဲ့ အစာအကျွေးလွန်တာကြောင့် သေဆုံးတာလို့ ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။

ငါးတွေ အဆိပ်ချခံရပြီး သေဆုံးကြောင်းနဲ့ အဲဒီငါးတွေကို ဈေးကွက်ထဲမှာ ရောင်းချနေတာဟာ စားသုံးသူတွေအတွက် အန္တရာယ်ရှိကြောင်း ပြီးခဲ့တဲ့ နှစ်ရက်က လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့အပေါ် အခုလို ပြောကြားလိုက်တာပါ။

ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းလွင်က “ဒီငါးကန်အတွင်းက ငါးတွေ သေဆုံးတာက ဆေးချခံရတာနဲ့ ရောဂါကြောင့်မဟုတ်ပါဘူး။ ငါးစထည့်တဲ့ အကောင်ရေ များတယ်၊ ငါးကုန်ချိန် ပိုတိုးအောင်ဆိုပြီး အစာတွေကို အလွန်အကျွံကျွေးတော့ ငါးတွေက အစာကုန်အောင် မစားနိုင်တော့တဲ့အခါ အစာကျန်တွေက ပုပ်သိုးညစ်ပတ်ပြီး ကန်ရဲ့ကြမ်းပြင်မှာ အဆိပ်အတောက်ဖြစ်ပေါ်လာတာကြောင့် အမိုးနီးယား မြင့်တက်​လာတယ်၊ ရေအရည်အသွေး ကျဆင်းလာတယ်၊ အဲဒါကြောင့် သေဆုံးတာဖြစ်တယ်။ ကျနော်တို့ ကွင်းဆင်းစစ်ဆေးကြည့်ပြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၁၀ ဧကရှိတဲ့ နတ်စင်ကုန်းကျေးရွာအုပ်စုကွင်းအမှတ် ၁၀၆၈ ငါးမွေးမြူရေးကန်မှာ ငါးတွေ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီကန်မှာ ငါးမြစ်ချင်း၊ ငါးတန်၊ ငါး​မုတ် စတဲ့ ငါးကောင်ရေ ၃ သောင်း ထည့်သွင်းမွေး​မြူထားပြီး ငါးကောင်ရေ ၂ သောင်းခွဲကျော် သေဆုံးခဲ့တာလို့ သိရပါတယ်။

သေဆုံးသွားတဲ့ ငါးတွေထဲမှ အချို့ကို ငါးပိပြုလုပ်ဖို့ ဒေသခံရွာသားတွေကို ပေးခဲ့ပြီး အသုံးပြုလို့ မရတော့တဲ့ ငါးသေတွေကိုတော့ မြေမြှုပ်ပစ်ခဲ့တယ်လို့  သိရပါတယ်။

သတင်း-ဝဏ္ဏထွန်း၊ ဓာတ်ပုံ-ငါးလုပ်ငန်းဦးစီးဌာန

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013