DVB Logo
Home
မြန်မာသတင်း
COVID-19 လူနာ တပ်မတော်သား ၁ ဦး ရောဂါပျောက်ကင်း 
DVB
·
May 22, 2020
COVID-19 လူနာ တပ်မတော်သား ၁ ဦး ရောဂါပျောက်ကင်း 
Donate to DVB

COVID-19  ရောဂါပိုးတွေ့ရှိခဲ့တဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်က တပ်မတော်သား ၁ ဦးကို လိုအပ်တဲ့ ကုသမှုတွေပြုလုပ်ပေးခဲ့ရာမှာ ထပ်မံစစ်ဆေးချက်တွေအရ Negative ဖြစ်ပြီး ပျောက်ကင်းသွားပြီလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမယ့်သူကို သတ်မှတ်ကာလအထိ ဆက်လက်  စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းတွေမှာ  မေ ၂၀ ရက်အထိ Rapid Test Kit နဲ့ ၃၀၂၇ ဦး၊ PCR   နည်းနဲ့ ၃၆၄ ဦး၊ Cobas 6800  နည်းနဲ့  ၇၅၄ ဦးစစ်ဆေးပေးနိုင်ခဲ့တယ်လို့လည်း မေလ ၂၁ ရက် တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည် ၁ ဦးဟာ ဧပြီ ၃၀ ရက်နေ့ကတည်းက ဖျားတာ၊ လည်ချောင်းနာတာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေ ခံစားနေရပြီး မေလ ၁ ရက်နေ့မှာ နယ်မြေခံတပ်မတော်ဆေးရုံမှာ သီးခြားစောင့်ကြည့်ခဲ့ရပါတယ်။  မေလ ၄ ရက်နေ့မှာတော့ လူနာရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကိုယူကာ PCR နည်းနဲ့ စမ်းသပ်စစ်ဆေး၊ ဓာတ်ခွဲအတည်ပြုတာမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာပါ။

သူဟာ မြန်မာနိုင်ငံအတွင်း တပ်မတော်ထဲမှာ ပထမဆုံး COVID-19 ရောဂါပိုးတွေ့ရှိတာ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောထားပါတယ်။

ရုရှားနိုင်ငံမှာ ပညာသင်သွားရောက်နေတဲ့ မြန်မာတပ်မတော်က သင်တန်းသား အရာရှိ ၅ ဦး လည်း COVID-19 ရောဂါ ကူးစက်ခံနေရတာရှိပြီး ၄ ဦး ရောဂါပျောက်ကင်းသွားပြီလို့ ကာကွယ်ရေးဦးစီချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013