DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းမြို့က ကိုဗစ်-၁၉ အတည်ပြုလူနာ ရောဂါပျောက်ကင်းပြီး ဆေးရုံမှဆင်း
DVB
·
May 29, 2020
စစ်ကိုင်းမြို့က ကိုဗစ်-၁၉ အတည်ပြုလူနာ ရောဂါပျောက်ကင်းပြီး ဆေးရုံမှဆင်း
Donate to DVB

စစ်ကိုင်းမြို့က  ကိုဗစ်-၁၉ အတည်ပြုလူနာဟာ  ၈ ကြိမ်မြောက် စစ်ဆေးပြီးချိန်မှာ ပိုးမတွေ့တော့လို့ ဆေးရုံက ဆင်းခွင့်ရပြီး ဟိုတယ် Quarantine အဖြစ် ထပ်မံစောင့်ကြည့်မယ်လို့ စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆံ့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

အဲဒီလူနာကို နာခေါင်း၊ အာခေါင်တို့ဖတ် Swab ရယူပြီး စစ်ဆေးရာမှာ ၇ ကြိမ်နှင့် ၈ ကြိမ်တို့မှာ nagetive ပြတာကြောင့် မေလ ၂၉ ရက်နေ့မှာတော့ ဆေးရုံက ဆင်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။

စစ်ကိုင်းမြို့ ကုတင် ၂၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုထွန်းက "nagetive ၂ ခါဖြစ်လို့ ပေးဆင်းလိုက်ပါပြီ။ သူ့ကို စစ်ကိုင်းမြို့မှာရှိတဲ့ ငြိမ်းသီရိဟိုတယ်မှာ Hotel Quarantine ၁၄ ရက်တိတိထားမှာဖြစ်ပါတယ်။ တို့ဖတ်နမူနာ ၈ ကြိမ်ရယူခဲ့ရပါတယ်။ အစောပိုင်းက Positive ပြလိုက် Nagetive ပြလိုက်နဲ့ ၇ ကြိမ်မြောက်မှာ nagetive စဖြစ်တာ။ ၈ ကြိမ်မြောက်မှာလည်း nagetive ဆိုတော့ ၂ ခါဆက်တိုက် nagetive ဆိုတော့ ပေးဆင်းလို့ရတယ်။ Facility Quarantine or Hoter Quarantine ပေါ့။ လူနာက တတ်နိုင်တဲ့အတွက် ဟိုတယ်မှာထားတာပေါ့။ ဒါပြီးရင် Follow up ပြန်လိုက်မှာပါ။ သူအခြေအနေကောင်းတယ်ဆိုရင် Home Quarantine ၁ ပတ်ပါ။ အဲဒါပြီးရင် ရသွားပါပြီ။"လို့ ပြောပါတယ်။

အဆိုပါ လူနာက သွေးတိုးရောဂါကလွဲရင် ကျန်တဲ့ ရောဂါ ဘာမှမဖြစ်ဘူးလို့လည်း သိရပါတယ်။ 

စစ်ကိုင်းက ကိုဗစ်-၁၉ လူနာ ဒီကနေ့ ဆေးရုံကဆင်းတာကိုတော့ ဆေးရုံဝန်ထမ်းတွေနဲ့  အားလုံးက လက်ခုပ်တီးကာ ပန်းစည်းတွေနဲ့ ကြိုဆိုဂုဏ်ပြုပေးခဲ့ကြပါတယ်။

ရောဂါပိုးတွေ့ရှိသူကို အလှည့်ကျ ကုသပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကာကွယ်ပစ္စည်းအပြည့်အစုံနဲ့ ကုသပေးခဲ့တာဖြစ်ပြီး အားလုံးကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။ လူနာဆေးရုံက ဆင်းခွင့်ရတဲ့အပေါ်မှာ လူနာတင်မက အားလုံးကလည်း ဝမ်းသာကြတယ်လို့ဆိုပါတယ်။

"ဘယ်သူမှလည်း ဒါကိုဖြစ်ချင်ကြမှာမဟုတ်ဘူးလေ။ ဒီရောဂါပိုးကင်းစင်တာ ၂ ကြိမ်ပြဖို့ဆိုတာ တော်တော်ကြီးကို ကုသိုလ်ကံကောင်းတယ်လေ။ အဲဒါတော့ သူလည်း ဝမ်းသာသလို ကျမတို့လည်း ဝမ်းသာတာပေါ့ရှင်။"လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုထွန်းက ပြောပါတယ်။

သီတဂူဆရာတော်ရဲ့ အစီအစဉ်နဲ့ အိန္ဒိယကနေ ဧပြီ ၂၂ ရက်နေ့က ပြန်လည်ရောက်ရှိလာတဲ့ စာသင်သားရဟန်းသံဃာ ၂၁၁ ပါး၊ သီလရှင် ၅ ပါးနှင့် လူပုဂ္ဂိုလ်အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၂၅၇ ဦးတို့ထဲက အဆိုပါ လူပုဂ္ဂိုလ်တစ်ဦးမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တာပါ။ 

မေလ ၂၈ ရက်ကလည်း သီတဂူဆရာတော်ရဲ့ အကူအညီနဲ့ အိန္ဒိယကနေ သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်စုစုပေါင်း ၆၇ ဦးထပ်မံရောက်ရှိလာပြီး   လက်ရှိမှာ သီတဂူဝိပဿနာကျောင်းမှာ Quarantine ထားရှိကာ ဇွန်လ ၂ ရက်နေ့မှာ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာတွေ ရယူပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦးတွေ့ရှိခဲ့ပါတယ်။ လက်ရှိမှာ အားလုံးက ဆေးရုံက ဆင်းခွင့်ရပြီဖြစ်လို့ ရောဂါပိုးတွေ့ရှိသူ မရှိတော့ပါဘူး။ လတ်တလောမှာတော့ ဓာတ်ခွဲအဖြေစောင့်ဆိုင်းသူ စစ်ကိုင်းတိုင်းမှာ  ၈ ဦးရှိနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013