DVB Logo
Home
မြန်မာသတင်း
မကွေးတရားရုံးက Quarantine ၂၁ ရက်ပြည့်အောင်မဝင်သည့် သားအမိကို ထောင် ၃ လ ချမှတ်
DVB
·
May 21, 2020
မကွေးတရားရုံးက Quarantine ၂၁ ရက်ပြည့်အောင်မဝင်သည့် သားအမိကို ထောင် ၃ လ ချမှတ်
Donate to DVB

မကွေးမြို့နယ် ကြာကန်ကျေးရွာက သားအမိ ၂ ဦးကို Quarantine ၂၁ ရက်ပြည့်အောင်မဝင်လို့ မေလ ၂၀ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၃ လ စီချမှတ်လိုက်တယ်လို့ သိရပါတယ်။

မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က "ကြာကန်ကျေးရွာမှာ မေလ ၁၀ ရက်နေ့ လောက်က ရန်ကုန်က ပြန်လာတဲ့ သားမိနှစ်ဦးကို Facility Quarantine စင်တာကနေ မိမိသဘောအလျောက် Quarantine နေစရာမလိုဘူးဆိုပြီး ထွက်ခွာသွားတာပါ။  ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က Quarantine နေဖို့ ဝိုင်းဝန်းပြောဆိုပေမယ့်လည်း လိုက်နာမှု မရှိဘဲ နေအိမ်မှာ ပြန်နေကြတာဖြစ်ပါတယ်။

သားအမိနှစ်ဦးအနက် တစ်ဦးကိုပဲ အရေးယူဖို့ ဝန်ကြီးချုပ်ကိုတင်ပြရာမှာ ခွင့်ပြုခဲ့လို့ အုပ်ချုပ်ရေအဖွဲ့နဲ့ ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်ပြောဆိုရာ နှစ်ဦးစလုံး အရေးယူခံမယ်လို့ ပြန်ပြောတဲ့အတွက် တရားစွဲဆိုခဲ့တာဖြစ်ပြီး တရားမစွဲဆိုခင် Quarantine ပြန်နေမယ်ဆိုရင်လည်း အဆင်ပြေသွားမှာဖြစ်ပြီး ငြင်းဆန်တာတွေ ပြုလုပ်လို့ တရားစွဲခဲ့တာလို့ အုပ်ချုပ်ရေးမှူး ဦးသက်လွင်က  ပြောပါတယ်။

Facility Quarantine ၂၁ ရက် ပြည့်အောင်မဝင်ခဲ့တဲ့သားအမိကို မကွေးမြို့နယ် တရားရုံးမှာ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့တရားစွဲဆိုခဲ့ရာ တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၃လ စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူ မျိုးမင်းထွန်း က "ရန်ကုန် ရွှေပြည်သာ GTI မှာ ကျောင်းတက်နေတာ ဖြစ်ပြီး ရွာမှာ အဘအသဲသန် ဖြစ်လို့ပြန်လာခဲ့တာပါ။ Quarantine စင်တာမှာ သန့်ရှင်းမှု မရှိဘဲ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းတဲ့အပြင် သမံတလင်းပေါ်မှာအိပ်ရလို့ လိုအပ်ချက်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးကို တောင်းဆိုရာ လိုက်လျောမပေးလို့ သားအမိ ၂ ဦး Quarantine ကနေ ထွက်လာပြီး နေအိမ်မှာဘဲနေခဲ့တာပါ။ တရားရုံးရောက်တော့လည်း ဘာမှမစစ်ဆေးဘဲ မှတ်ပုံတင်၊ အသက်၊ နေရပ် မေးပြီး ထောင်ဒဏ် ၃လစီ ပြစ်ဒါဏ်ချမှတ်ခံခဲ့ရတာပါလို့"ဆိုပါတယ်။

ကျေးလက်မြေပရဟိတအဖွဲ့က ကိုဇော်မင်းထိုက်ကတော့ "Quarantine စင်တာတွေမှာ ကျေးရွာအနေအထားနဲ မိမိအိမ်မှာနေရတာထက်သာအောင် ရေ၊ မီး၊ သောက်​ရေ၊ ခြင်ဆေး၊ ကော်ဖီကအစ လိုလေသေးမရှိအောင်စောင့်ရှောက်ပေးပြီး ကျန်းမာရေးဌာနက နေ့စဉ် ကိုယ်ပူချိန် တိုင်းတာပေးပါတယ်။ အကြိမ်ကြိမ် ဝိုင်းဝန်းဖျောင်းဖျပေမယ့်လည်း အစိုးရထုတ်ပြန်တဲ့ ညွှန်ကြားချက်ကိုမလိုက်နာလို့ တရားစွဲဆိုခဲ့ကြတာပါ"လို့ ပြောပါတယ်။

မကွေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြည်ပပြန်တွေနဲ့ တိုင်းကျော်ပြန်လာသူ ၂၀၀ ကျော်ကို ကျေးရွာအစီအစဉ်နဲ Facility Quarantine ပြုလုပ်ပေးထားတယ်လို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013