
ဘာစီလိုနာအသင်းကို လာလီဂါချန်ပီယံဖြစ်အောင် ကူညီပေးခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖိုဒ် ဟာ အသင်းမှာပဲ ဆက်နေချင်ပေမဲ့ သူ့ရဲ့အနာဂတ်ကတော့ မရေမရာ ဖြစ်နေဆဲပါ။
ဘာကာမှာ ယူရို သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူခွင့် ရှိနေပေမဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ယူနိုက်တက်ထံကနေ နောက်ထပ်တရာသီ အငှားစာချုပ်နဲ့သာ ထပ်မံခေါ်ယူဖို့ ညှိနှိုင်းလို နေပါတယ်။
မန်ယူအသင်းဘက်ကတော့ ထပ်မံအငှားချဖို့ ငြင်းဆန်ထားပြီး ရက်ရှ်ဖို့ဒ်ရဲ့ မြင့်မားတဲ့လစာကြောင့် သူ့ကို အပြီးသတ်သာ ရောင်းချချင်နေတာပါ။
လာမဲ့ ဇွန် ၁၅ ရက်ဟာ ဘာကာရဲ့ အပြီးသတ်ခေါ်ယူခွင့် နောက်ဆုံးရက်ဖြစ်တာကြောင့် အဆိုပါ ရက်ပိုင်းအတွင်း ရက်ရှ်ဖိုဒ်ရဲ့ အနာဂတ် ရှင်းလင်းလာဖွယ် ရှိနေပါတယ်။
Photo:Reuters










