DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် လူနာအမှတ် ၁၈၂ နှင့်အတူ လေယာဉ်စီးလာသည့် မလေးရှားပြန် ၁၅ ဦး၏ ဓာတ်ခွဲနမူနာကို စစ်ဆေးနေ
DVB
·
May 19, 2020
ပုသိမ်တွင် လူနာအမှတ် ၁၈၂ နှင့်အတူ လေယာဉ်စီးလာသည့် မလေးရှားပြန် ၁၅ ဦး၏ ဓာတ်ခွဲနမူနာကို စစ်ဆေးနေ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ် Facility Quarantine အဆောင်မှာထားရှိတဲ့ မလေးရှားနိုင်ငံက ပြန်လာသူ ၁၅ ဦးကို လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပြီး ဓာတ်ခွဲနမူနာတွေကို မေလ ၁၈ ရက်နေ့က ဓာတ်ခွဲဌာနကိုပို့ထားပြီလို့ ပုသိမ် ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။

"အားလုံး ၁၅ ဦးပါ၊ မလေးရှားနိုင်ငံက ပြန်လာတဲ့သူတွေပါ၊ ကျန်းမာရေးကောင်းမွန်ပေမယ့် လိုအပ်တဲ့ စစ်ဆေးချက်တွေရယူပြီး ဓာတ်ခွဲဌာနကို ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ပို့လိုက်ပါပြီ" လို့ ပြောပါတယ်။

ပုသိမ်တက္ကသိုလ် Facility Quarantine ကို မေလ ၁၁ ရက်က ပြန်ရောက်လာသူ ၁၈ ဦးကို လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှု တွေပြုလုပ်ပြီး Quarantine ပြုလုပ်ခဲ့တာလို့ စေတနာ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"ခုက အားလုံးကကျန်းမာရေးကောင်းပါတယ်။ ပိုးတွေ့ လူနာနဲ့ အတူပြန်လာလို့ စစ်ဆေးတာတွေ ပြုလုပ်မှာပါ၊ အစိုးရအဖွဲ့ကလည်း စစ်ဆေးဖို့ ညွှန်ကြားထာပါတယ်" လို့ ပြောပါတယ်။

ပုသိမ်တက္ကသိုလ် Facility Quarantine မှာ မလေးရှားနိုင်ငံက ပြန်ရောက်လာသူ ၁၈ ဦးရှိပြီး ၃ ဦးကို မေလ ၁၃ ရက်နေ့က စစ်ဆေးခဲ့ရာ Negative အဖြေထွက်ခဲ့ပါတယ်။

COVID-19 အတည်ပြုလူနာအမှတ် ၁၈၂ နဲ့ မလေးရှားကနေ လေယာဉ်အတူစီးပြန်လာသူ ၁၅ ဦးရဲ့ ဓာတ်ခွဲအဖြေကိုတော့ စောင့်နေရတုန်းဖြစ်တယ်လို့ ပုသိမ်တက္ကသိုလ် Facility Quarantine က တာဝန်ရှိသူကပြောပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013