DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့ရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁၀၀၀ ကျော်ကို စားသောက်ကုန်များ ထောက်ပံ့
DVB
·
May 16, 2020
ဝက်လက်မြို့ရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁၀၀၀ ကျော်ကို စားသောက်ကုန်များ ထောက်ပံ့
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ We love Wetlet အဖွဲ့ကနေပြီး အခြေခံလူတန်းစား ၁၀၀၀ ကျော်ကို မေလ ၁၅ ရက်ကစပြီး အခြေခံစားသောက်ကုန်တွေ ပေးဝေနေပါတယ်။

“ကိုဗစ်ကာလမှာ တထောင့်တနေရာကနေ သူတို့တွေ စားဝတ်နေရေး အဆင်ပြေ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး ကျနော်တို့ We love Wetlet အဖွဲ့ကနေ အခြေခံလူတန်းစား ၁၀၀၀ ကျော်ကို ဆန်၊ ဆီ၊ ပဲ ငါးသေတ္တာလေးတွေ ဝေငှကြတာပါ” လို့ We love Wetlet အဖွဲ့ခေါင်းဆောင်ဦးခိုင်ကြီးက ပြောပါတယ်။

ကောက်ခံထားတဲ့စာရင်းများအရ ဝက်လက်မြို့မှာ အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၀၀ လောက်ရှိပြီး အိမ်ထောင်စု ၁ စုကို ဆန် ၄ ပြီ၊ ဆီ ၅၀ သား၊ ပဲ ၁ ပိဿာ၊ ငါးသေတ္တာ ၁ ဘူးနှုန်း ပေးတာဖြစ်ပါတယ်။

ဝက်လက်မြို့ မာလာရပ်နေ သံတိုသံစ အရောင်းအဝယ်ပြုလုပ်သူတဦးက “ဒီလိုကျပ်တည်းနေတဲ့ကာလမှာ အခြေခံစားသောက်ကုန်တွေ ဝေပေးတာဆိုတော့ ဝမ်းသာတာပေါ့။ ဟိုမသွားရ ဒီမသွားရ ဆိုတော့ ကျမတို့ သံတိုသံစ အရောင်းအဝယ်ကလည်း အလုပ်မဖြစ်တာ တလလောက် ရှိပြီ။ အခုလို ကုသိုလ်ပြုသူရှိ‌တော့ ကျမတို့အတွက် အများကြီး အထောက်အကူ ဖြစ်တာပေါ့” လို့ ပြောပါတယ်။

We love Wetlet အဖွဲ့အနေနဲ့ မြို့ပေါ်က ကွာရန်တင်း ဝင်နေသူတွေကို ထမင်း ဟင်း ထောက်ပံ့ပေးတာ။ သောက်သုံးရေပြတ်လပ်နေတဲ့ ကျေးရွာတွေကို ရေလှူတာတွေကိုလည်း ဆက်လက်ပြုလုပ်သွားမယ်လို့သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ဧပြီလအတွင်းကလည်း နိုင်ငံတော်ရဲ့ထောက်ပံ့မှုနဲ့ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၀၀၀၀ ကျော်ကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တွေ ထောက်ပံ့ခဲ့ပါတယ်။



အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013