DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ‘မဖြစ်မနေ mask တပ်ဆင်ရေး’ နောက်ဆုံးသတိပေး၊ စတင်အရေးယူတော့မည်
DVB
·
May 16, 2020
လွိုင်ကော်တွင် ‘မဖြစ်မနေ mask တပ်ဆင်ရေး’ နောက်ဆုံးသတိပေး၊ စတင်အရေးယူတော့မည်
1 / 3
Donate to DVB

လွိုင်ကော်မြို့တွင်းက နောင်ယားဈေးနဲ့ သီရိမင်္ဂလာဈေးမှာ မဖြစ်မနေ mask တပ်ဆင်ရေးအတွက် အဖွဲ့စုံပူးပေါင်းပြီး ဒီကနေ့ နောက်ဆုံးအနေနဲ့ ပညာပေးမှုတွေ လုပ်ဆောင်နေပါတယ်။

စည်ပင်သာရေးအဖွဲ၊ ရဲတပ်ဖွဲ့၊ မြို့ပြအငြိမ်းစားဝန်ထမ်းဟောင်းများအသင်း အပါအဝင် ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး နေအိမ်ပြင်ပထွက်သူတိုင်း မဖြစ်မနေ mask တပ်ဆင်ဖို့အတွက် ဒီကနေ့ နောက်ဆုံးအနေနဲ့ mask တွေ အခမဲ့ဝေပေးတဲ့အပြင် ပညာပေး၊ သတိပေးမှုတွေ လုပ်ဆောင်တာလို့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ငြိမ်းက ပြောပါတယ်။

“ကျနော်တို့ စည်ပင်ကတော့ ပထမတသုတ်က ပညာပေးကာလကို ကြော်ငြာနဲ့ ကြေညာတဲ့ကာလ၊ နောက် ဒုတိယအကြိမ်က Mask တခါ ထပ်ဝေတယ်၊ အခမဲ့ပေါ့။ တတိယအကြိမ် ကျနော်တို့ ဈေးအနေနဲ့ကတော့ တမြို့လုံးမှာရှိတဲ့ဈေးကို အရေးယူတော့မယ်။ ဒီနေ့ ကျနော်တို့ ဆည်မြောင်းရယ်၊  မြို့ပြအငြိမ်းစားဝန်ထမ်းဟောင်းများအသင်း ပူးပေါင်းပြီး လက်ကမ်းစာဆောင်ပေးတယ်။ သတိပေးတဲ့အဆင့်ပဲ။ အရေးယူမယ့်အဖွဲ့က သက်သက်တဖွဲ့ လာမယ်။”

လာမယ့်အပတ်တွေကစပြီး စတင်အရေးယူတော့မှာဖြစ်ကြောင်းနဲ့ mask မတပ်ပါက mask ၂ ခုကို ငွေ ၁၀၀၀ ကျပ်နဲ့ ဝယ်ယူရမှာဖြစ်သလို ဒီအရေးယူမှုကို မလိုက်နာပါက နောက်ထပ် တရားစွဲဆိုမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဦးဇော်ငြိမ်းက ပြောပါတယ်။ 

ကယားပြည်နယ်အတွင်းမှာရှိ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မဖြစ်မနေ Mask တပ်ဆင်ဖို့နဲ့ လိုက်နာမှုမရှိရင်  ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ အစိုးရက မေ ၁၄ ရက်နေ့က  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013