DVB Logo
Home
မြန်မာသတင်း
ပြစ်ဒဏ်ကျခံပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၈ ဦးကို ထိုင်းက ပြန်လွှဲပြောင်း
DVB
·
May 16, 2020
ပြစ်ဒဏ်ကျခံပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၈ ဦးကို ထိုင်းက ပြန်လွှဲပြောင်း
Donate to DVB

ထိုင်းနိုင်ငံမှာ ဥပဒေအရ ပြစ်ဒဏ်ကျခံပြီးသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၈ ယောက်ကို မေ ၁၅ ရက်နေ့က ကော့သောင်းနယ်စပ်ဂိတ်ကို လာရောက်လွှဲအပ်ခဲ့ပါတယ်။

မြန်မာအလုပ်သမား အမျိုးသမီး ၂၀ အပါအဝင် စုစုပေါင်း အလုပ်သမား ၁၇၈ ယောက်ကို ထိုင်းနိုင်ငံရနောင်းမြို့က တာဝန်ရှိသူတွေက မြို့မဆိပ်ကမ်းတံတားမှတဆင့် လာရောက် လွှဲပြောင်းပေးခဲ့တာလို့ ကော့သောင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အလုပ်သမားပညာပေးစင်တာမှ ကိုမိုးဝေက ပြောပါတယ်။ 

“ဟိုဘက်က အကြောင်းကြားလာတယ်။ အချုပ်ခန်းထဲမှာ အလုပ်သမားတွေ ပိတ်မိနေတယ်ဆိုတာရယ်၊ ပြင်ပရောက်နေတဲ့ အလုပ်သမားတွေ ပိတ်မိနေတာရှိတယ်။ သူတို့က တနေ့ထက်တနေ့ အခက်အခဲတွေရှိတယ်၊  ဟိုဘက်ဒီဘက် တာဝန်ရှိသူတွေ ကြားထဲမှာ ညှိနှိုင်းပေးတာပေါ့။ စာရင်းဇယားတွေ နဲ့ ဒီဘက်ကလည်း စာရင်းတွေတောင်းပြီး ပြည်ထောင်စုအစိုးရနဲ့ညှိနှိုင်းပေးပြီး ဒီလူတွေလာနိုင်အောင် ကျနော်တို့က ကြားခံလုပ်ပေးတာဖြစ်တယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကော့သောင်းနယ်စပ်ဂိတ်မှ အရင်ကလည်း လာရောက်လွှဲပြောင်းပေးအပ်လေ့ရှိပြီး အခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလဖြစ်တာကြောင့် မြန်မာလုပ်သမားတွေ ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ကြန့်ကြာနေခဲ့ရတာပါ။

တနင်္သာရီတိုင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီရဲ့ ကြီးကြပ်ညှိနှိုင်းမှုနဲ့ ဒီနေ့လာရောက်လွဲပြောင်းပေးတာလို့ သိရပါတယ်။

ကော့သောင်းဒေသခံ ၅၃ ယောက်ကို အဏ္ဏဝါရပ်ကွက် အထက  ခွဲကျောင်းမှာ Quarantine ထားရှိပြီး အခြားတိုင်းနဲ့ ပြည်နယ်က ၁၂၅ ယောက်ကို အသွားအလာခက်ခဲတဲ့အတွက် အထက ၂ မှာ တညတည်းခိုဖို့ စီစဉ်ပေးထားတယ်လို့ ကော့သောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။

ထားဝယ်နဲ့ မြိတ်မြို့တို့က အလုပ်သမားတွေအပါအဝင် အခြားတိုင်းနဲ့ပြည်နယ်က အဲဒီ အလုပ်သမား ၁၂၅ ဦးကို ကော့သောင်းတပ်နယ်က တပ်မတော်မော်တော်ယာဉ် ၁၀ စီးနဲ့ ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း Community Based Facility Quarantine Center ကို ဆက်လက်ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။

လတ်ကိုကိုဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013