DVB Logo
Home
မြန်မာသတင်း
UWSA နှင့်မူးယစ်မှောင်ခိုအဖွဲ့ ထိတွေ့မှုဖြစ်၊ စိတ်ကြွဆေး ၃ သန်းခွဲကျော်နှင့် ၂ ဦးဖမ်းမိ
DVB
·
May 16, 2020
UWSA နှင့်မူးယစ်မှောင်ခိုအဖွဲ့ ထိတွေ့မှုဖြစ်၊ စိတ်ကြွဆေး ၃ သန်းခွဲကျော်နှင့် ၂ ဦးဖမ်းမိ
Donate to DVB

UWSA တောင်ပိုင်းစစ်ဒေသ ၁၇၁ နဲ့ မူးယစ်မှောင်ခိုအဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားပြီး စိတ်ကြွဆေးပြား သုံးသန်းခွဲကျော်နဲ့ ၂ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်အနီး လွယ်ထွေတောင်ကြောမှာ မေ ၁၄ ရက်ည ၉ နာရီလောက်က  အင်အား ၄၀ လောက်ရှိတဲ့ မူးယစ်မှောင်ခိုအဖွ​ဲ့နဲ့ UWSA ဝတပ်ဖွဲ့ စစ်ဒေသ ၁၇၁ တပ်ဖွဲ့ဝင်တွေ ထိတွေ့မှု ဖြစ်ပွားပြီးနောက် မေလ ၁၅ ရက်မနက်အစောပိုင်း နယ်မြေရှင်းလင်းရာမှ ၉၉၉ တံဆိပ် စိတ်ကြွဆေးပြား ၁ သိန်းစီပါ ၃၅ အိတ်၊ ၁ သောင်းပါ အထုပ်ငယ် ၁ ထုပ်နဲ့ မူးယစ်မှောင်ခိုအဖွဲ့ဝင် အသေ ၁ ဦးနဲ့ အရှင် ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး UWSA ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းခေါ်ဆိုမရဘဲ ဆက်ဆံရေးတာဝန်ခံ ဦးဆမ်ပိန်းကတော့ ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုပါတယ်။

လွယ်ထွေတောင်ကြောဟာ ပုံပါကျင်မြို့နဲ့ UWSA စစ်ဒေသ  ၁၇၁ တည်ရှိရာ မုံးကျွတ်ကျေးရွာအကြားတည်ရှိပြီး ထိုင်း-မြန်မာနယ်စပ်မှ သုံးမိုင်ခန့်ကွာဝေးကာ မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တွေ အသုံးပြုလေ့ရှိတဲ့ လမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။

အောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013