DVB Logo
Home
မြန်မာသတင်း
WHO မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရသည့်ကိစ္စ စတင်ကွင်းဆင်းစစ်ဆေး 
DVB
·
May 15, 2020
WHO မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရသည့်ကိစ္စ စတင်ကွင်းဆင်းစစ်ဆေး 
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီက စတင်ကွင်းဆင်း စစ်ဆေးနေပါတယ်။ 

စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးစောဦး ဦးဆောင်တဲ့အဖွဲ့ဟာ မေလ ၁၄ ရက်က စစ်တွေမြို့မှ မင်းပြားမြို့သို့ တပ်မတော်ရဟတ်ယာဉ်နဲ့ သွားရောက်ပြီး အခင်းဖြစ်ပွားတဲ့ နေရာအနီးတဝိုက်နဲ့ ရာမောင်တံတား လုံခြုံရေးစခန်းတို့က တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မင်းပြား မြို့မရဲစခန်းမှာ သိမ်းဆည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ WHO မော်တော်ယာဉ်နဲ့  သေဆုံးသူ ခန္ဓာကိုယ်မှာ တွေ့ရှိတဲ့ ကျည်ဆန်ထိပ်ဖူးတို့ကို စစ်ဆေးခဲ့သလို ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေကိုလည်း မေးမြန်းခဲ့ပါတယ်။

မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးမှာ ဧပြီ ၂၀ ရက်ညနေပိုင်းက COVID-19 စစ်ဆေးဖို့ ဓာတ်ခွဲနမူနာတွေ တင်ဆောင်လာတဲ့  WHO မော်တော်ယာဉ် ၁ စီး ပစ်ခတ်ခံရလို့ ဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်း ၁ ဦးသေဆုံးခဲ့တာပါ။

အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီးအဖွဲ့ကမှ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့  တာဝန်ယူဝန်ခံ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ တပ်မတော်နဲ့ အေအေ လက်နက်ကိုင်အဖွဲ့တို့ကတော့  အပြန်အလှန် စွပ်စွဲနေကြပါတယ်။ 

အဆိုပါဖြစ်စဉ်နဲ့ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးဖို့ အရေးယူဖို့ ကုလသမဂ္ဂကတောင်းဆိုပြီးနောက်မှာ ဒီပစ်ခတ်မှုကို စစ်ဆေးနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံးက  စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013