DVB Logo
Home
မြန်မာသတင်း
ကပ်ဘေးကာလ ဘိုးဘွားများအတွက် အိမ်တိုင်ရာရောက် စားနပ်ရိက္ခာ ဝေမျှပေးနေ
DVB
·
May 12, 2020
ကပ်ဘေးကာလ ဘိုးဘွားများအတွက် အိမ်တိုင်ရာရောက် စားနပ်ရိက္ခာ ဝေမျှပေးနေ
Donate to DVB

ကိုဗစ်ကပ်ဘေးကာလမှာ နာမကျန်းဖြစ်နေသူတွေ၊ မသန်စွမ်းတွေနဲ့ သက်ကြီးဘိုးဘွားတွေအတွက်  အိမ်တိုင်ရာရောက် စားနပ်ရိက္ခာတွေ ဝေမျှပေးနေတဲ့ လိုရင် ခေါ်ပါ အစီအစဉ်ကို Clean Yangon က စတင်လုပ်ဆောင်နေပါတယ်။ 

Clean Yangon   အနေနဲ့ ဒီအစီအစဉ်ကို   မေလ ၁၂ ရက်နေ့က စတင်အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ရန်ကုန်မြို့တွင်းရှိ နာမကျန်းသူတွေနဲ့ သက်ကြီးဘိုးဘွားတွေကို  အိမ်တိုင်ရောက် စားနပ်ရိက္ခာတွေ လိုက်လံဝေ ပေးနေတာပါ။

လက်ရှိမှာ လိုရင်ခေါ်ပါ အစီအစဉ်ကို ဆက်သွယ်စာရင်းပေးထားတဲ့သူ ၁၈ ဦး လောက်ရှိပြီး တစ်ရက်ကို   အိမ်ထောင်စု ၁၀  ဦးနှုန်းနဲ့ သွားရောက်လှူဒါန်းပေးနေပါတယ်။  

ဒီအစီအစဉ်ကနေ အိမ်ထောင်စု ၁၅၀ အထိ သွားရောက်လှူဒါန်းသွားဖို့ ပြင်ဆင်ထားပါတယ်။ အိမ်ထောင်စု တစ်စုကို ဆန်  ၆ ပြည် ၊ ဆီ ၅၀ သား ၊ ငါးသေတ္တာ ၊ အခြေခံစားသောက်ကုန်တွေ နဲ့ဆေးဝါးတွေကို  ဝေမျှပေးနေတာပါ။ 

နာမကျန်းဖြစ်နေတဲ့သူတွေနဲ့ သက်ကြီးဘိုးဘွားတွေအတွက် ရည်ရွယ်ကာ ဒီအစီအစဉ်ကို လုပ်ဆောင်တာဖြစ်တယ်လို့  Clean Yangon အဖွဲ့က ကိုဝင်းမြင့်ကျော်က ပြောပါတယ်။

ဘိုးဘွားတွေက  အသက် ၇၀ ၊ ၈၀ ကျော် အရွယ်ရှိတဲ့ ဘိုးဘွားတွေ အများဆုံး ပါဝင်နေပြီး ကျန်းမာရေး အားနည်းနေသူနဲ့ သွားလာဖို့ ခက်ခဲတဲ့သူတွေပါ။ သူတို့ကို မိသားစုဝင်တွေက ပြုစုစောင့်ရှောက် ထားပေမယ့်  မိသားစုဝင်တွေကလည်း စီးပွားရေး   အဆင်မပြေကြတာကိုလည်း ရှိပါတယ်။

သက်ကြီးဘိုးဘွားတွေကို ခုလို အိမ်တိုင်ရောက်လာရောက်လှူဒါန်းပေးတာက မိသားစုဝင်တွေအတွက်ပါ အထောက်အပံ့ဖြစ်စေ တယ်လို့ မိသားစုဝင်တစ်ဦး ဖြစ်တဲ့ ဒေါ်စန်းက ပြောပါတယ်။

ဒီအစီအစဉ်ကို ရန်ကုန်မြို့တွင်းမှာပဲ ကနဦး လုပ်ဆောင်နေတာဖြစ်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေက ဆက်သွယ်လာတဲ့သူတွေကို ပံ့ပိုးကူညီပေးဖို့  လုပ်ဆောင်နေပါတယ်။ 

နန့်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013