DVB Logo
Home
မြန်မာသတင်း
ကပ်ဘေးကာလ "ပြည်သူမှ ပြည်သူသို့ အဝါရောင်ကမ်ပိန်း"တွင် ပူးပေါင်းပါဝင်ရန် နှိုးဆော်
DVB
·
July 20, 2021
ကပ်ဘေးကာလ "ပြည်သူမှ ပြည်သူသို့ အဝါရောင်ကမ်ပိန်း"တွင် ပူးပေါင်းပါဝင်ရန် နှိုးဆော်
Donate to DVB

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ အခက်အခဲကြုံတွေ့နေကြရသူတွေအချင်းချင်း ကူညီမှုနိုင်ကြစေဖို့ "ပြည်သူမှ ပြည်သူသို့ အဝါရောင်ကမ်ပိန်း"မှာ ပူးပေါင်းပါဝင်ဖို့ နှိုးဆော်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေး စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် တိုင်းပြည်မှာ ကိုဗစ်-၁၉ တတိယလှိုင်း ရိုက်ခတ်မှုကို အပြင်းအထန် ခံစားနေကြရပြီး နေ့စဉ်ရက်ဆက်ဆိုသလို အသက်တွေသေဆုံးနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အားကိုးစရာဆိုလို့ ပြည်သူ အချင်းချင်းပဲ ရှိနေတော့တာမို့  အခက်အခဲ ကြုံနေရသူတွေကို ပြည်သူအချင်းချင်း ကူညီမှုအစီအစဉ်ဖြစ်တဲ့ "ပြည်သူမှ ပြည်သူသို့" လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ နှိုးဆော်ထားတာပါ။

တကယ်လို့မ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် အစားအသောက်၊ ဆေး ဝါး၊ အောက်ဆီဂျင် ရရှိမှု ခက်ခဲနေပြီဆိုရင် မိမိတို့ရဲ့ အိမ်ရှေ့မှာ အလံဝါ၊ ဒါမှမဟုတ် အဝါ ရောင်အင်္ကျီ၊ အဝါရောင် အဝတ်စတခုခုကို မြင်သာအောင် ချိတ်ဆွဲ လွှင့်တင်ထားခြင်းအားဖြင့် ဒီလို လွှင့်တင်ထားတဲ့ အိမ်ရှိတဲ့ လမ်း၊ ရပ်ကွက်၊ မြို့နယ်က ပြည်သူတွေ အနေနဲ့ လည်း မိမိတို့ ပတ်ဝန်းကျင်မှာ လိုအပ်တာတွေကို ကူညီဖြည့်ဆည်းပေးကြဖို့၊ စေတနာ့ ဝန်ထမ်းတွေ လူမှုကူညီရေးပရဟိတအသင်းတွေကို တဆင့်ဆက်သွယ်ပေးနိုင်မှာပဲ ဖြစ်ပါ တယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၃၄,၇၁၀ ယောက်နဲ့ သေဆုံးသူပေါင်း ၅,၂၈၁ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ကြေညာထားခဲ့ ကာ အောက်ဆီဂျင်အခက်အခဲကြောင့် အသက်ဆုံးရှုံးရတာတွေလည်း များလာနေခဲ့တာ ပါ။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရ ရုံးတွေ ၉ ရက်ဆက်တိုက်ပိတ်ထားတဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၇၀ ကျော်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013