DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပြည်သူများ Mask တပ်ရန်အပါအဝင် စည်းကမ်းချက်အချို့မလိုက်နာပါက အရေးယူခံရမည်
DVB
·
May 12, 2020
ရန်ကုန်ပြည်သူများ Mask တပ်ရန်အပါအဝင် စည်းကမ်းချက်အချို့မလိုက်နာပါက အရေးယူခံရမည်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်ရှိ ပြည်သူတွေအနေနဲ့ နေအိမ်အပြင်ထွက်တဲ့အခါ ပါးစပ်/နှာခေါင်းစည်း Mask တပ်ဖို့နဲ့ တခြားလိုက်နာရမယ့်  ၁၀ ချက်ကိုလိုက်နာကြဖို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာ ဒေသန္တရမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက မေလ ၁၁ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တယ်။

ဒီကြေညာချက်ဟာ မေလ ၁၃ ရက်နေ့ စတင်အကျုံးဝင်မှာဖြစ်ကြောင်းနဲ့ မလိုက်နာသူကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူမှာဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ဒဏ်ငွေ ကျပ် ၅၀၀၀ ချမှတ်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။

 “ပြည်သူလူထုအနေနဲ့ ဂရုတစိုက်လုပ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါပေါ့လျော့ပြီးနေလို့ မရတဲ့ အနေအထား ကျနော်တို့ နိုင်ငံမှာဖြစ်နေတာ။ အဲဒီတော့ ရန်ကုန်မှာဆိုရင် ပိုပြီးတော့ အခြေအနေက ဆိုးတယ်။ ကျနော်တို့ ကိုယ်တိုင်က တကယ့်အရေးကြီးတဲ့ နေရာတွေမှာ Contact Tracing လို့ခေါ်တဲ့ လူနာကွင်းဆက်လိုက်တာ အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေတဲ့ ကာလဖြစ်တယ်။ အဲတော့ ပြည်သူလူထုကို မေတ္တာရပ်ခံချင်တာက ကျနော်တို့ အတတ်နိုင်ဆုံး အိမ်မှာနေပေးဖို့ အပြင်ထွက်မယ်ဆိုရင် Mask တပ်ဖို့ ၊ ကျနော်တို့  အစိုးရအနေနဲ့က ပြည်သူလူထုကို အရေးယူချင်တာမဟုတ်ဘူး။ ရှာကြံပြီး ကြံဖန်ပြီး အရေးယူဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ပြည်သူလူထုက ကျန်းမာရေးအသိနဲ့သာ သွားလာနေထိုင်မယ်ဆိုရင် ကျနော်တို့ အားလုံးအတွက် ကာကွယ်ပေးသလို ဖြစ်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်။” 

ကြေညာချက်ထဲမှာ Mask တပ်ဖို့အပါအဝင် အစိုးရအဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ သွားရောက်ရာမှာဖြစ်စေ ခွင့်ပြုချက်ရရှိထားတဲ့ ဈေးကုန်တိုက်တွေမှာ ဈေးရောင်း၊  ဈေးဝယ်လုပ်တာတွေ၊ ခွင့်ပြုချက်ရရှိထားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး  ဆောင်ရွက်တာတွေတွေပါဝင်ပါတယ်။

ဒါ့အပြင် တရားစီရင်ရေးကိစ္စဆောင်ရွက်တာတွေ၊ ခွင့်ပြုချက်နဲ့အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေဆောင်ရွက်တာတွေ၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနဲ့ အရေးပေါ်ကိစ္စတွေ ဆောင်ရွက်တာတွေ၊ ကျန်းမာရေးကိစ္စနဲ့ စပ်လျဉ်းပြီး ဆေးရုံ  ဆေးခန်းကို သွားတာတွေ၊ နာရေးကိစ္စဆောင်ရွက်တာတွေကလွဲပြီး လူ ၅ ဦးဖြစ်စေ ၊ လူ ၅ ဦးထက်ပိုပြီးဖြစ်စေ စုဝေးတာ မပြုလုပ်ဖို့ တွေလည်း တားမြစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013