DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ်တိုင်ချုပ် Mask များ ဈေးများတွင် အခမဲ့ဖြန့်ဝေ
DVB
·
May 11, 2020
ရေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ်တိုင်ချုပ် Mask များ ဈေးများတွင် အခမဲ့ဖြန့်ဝေ
1 / 6
Donate to DVB

ရေးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ ဈေးတွေမှာ ကိုယ်တိုင်ချုပ် Mask တွေကို မေ ၁၁ ရက်နေ့ မနက်ပိုင်းက စတင်ကာ အခမဲ့ လိုက်လံဝေငှပေးနေပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးထိန်းချုပ်မှုတရပ်အနေနဲ့ ကိုယ်တိုင်ချုပ် Mask ခုရေ ၇၀၀ ကို ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက် ဘောလုံးအားကစားကွင်းမှာ ဖွင့်လှစ်ထားတဲ့ ယာယီဈေးတွေနဲ့ အောင်မင်္ဂလာရပ်ကွက်အတွင်းက အောင်သီတာဈေးတွေမှာ လိုက်လံပေးဝေခဲ့တာပါ။

ဦးဆောင်ချုပ်လုပ်သူ ရေးမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သီတာမျိုးက ''ခုဝေတဲ့ Mask က လျှော်ပြီးပြန်သုံးလို့ရတယ်၊ ကျန်းမာရေးနဲ့ညီညွတ်ပြီးတော့ သတ်မှတ်ထားတဲ့အတိုင်း အဖွဲ့ဝင်တွေက စနစ်တကျချုပ်လုပ်ခဲ့ပါတယ်။ အမြဲတမ်းဝယ်မတတ်နိုင်တဲ့ ပြည်သူတွေအတွက် ရောဂါကာကွယ်ရေးမှာ အများကြီးအဆင်ပြေမှာပါ'' လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေးမြို့နယ် မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းအနေနဲ့ လာမယ့်ရက်တွေမှာ ကျန်ရှိနေတဲ့ ဈေးတွေအပြင် ကျေးရွာတွေက မိခင်နဲ့ကလေးဒေသဖွံ့စီမံချက်ရွာတွေကိုလည်း ဆက်လက်ဖြန့်ဝေ ပေးသွားဖို့ရှိနေပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်များပေးဝေခြင်းအပြင် အသိပညာပေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ရန်မျိုးအောင်ရပ်ကွက်နေ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးအောင်ခိုင်က ''နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ကိုယ်တိုင်ချုပ် Mask တွေတပ်ကြဖို့ နှိုးဆော်ပေးနေတယ်။ ကျန်းမာရေးဌာနက လည်း ချုပ်လုပ်ရာမှာ နည်းစနစ်တွေပေးနေတာပေါ့၊ စနစ်တကျစံချိန်စံညွှန်းမီဖို့ပဲ လိုပါတယ်။ အခြေခံလူတန်းစားအများစုက အမြဲတမ်းမတတ်နိုင်ကြဘူး၊ နည်းစနစ်ကျကျလျှော်ပြီး သုံးလို့ရအောင် ပညာပေးတွေနဲ့ပေးဝေမှုက တဖက်တလမ်းက အထောက်အကူပါပဲ"လို့ ဒီဗွီဘီကို မှတ်ချက်ပြု ပြောကြားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူ့မရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရောဂါမကူးစက်စေဖို့ ထိရောက်တဲ့နည်းအဖြစ် Mask စနစ်တကျတပ်ဆင်တဲ့အလေ့အထကို အားပေးဖို့၊ ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ အဝတ်နဲ့ပြုလုပ်တဲ့ နှာခေါင်းစည်းနဲ့ပတ်သက်တဲ့ သိကောင်းစရာ များကို ကိုးကားကာ ပြည်သူတွေချုပ်လုပ်ထားတဲ့ ပိတ်စနှာခေါင်းစည်းချုပ်လုပ်မှု ပြိုင်ပွဲတရပ်ကို မေလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမယ်လို့ ပြောကြားထားပါတယ်။

ပြိုင်ပွဲမှာ ပြည်သူတွေ အနှစ်သက်ဆုံးအဖြစ် Like အများဆုံးရရှိသူ ၃ ဦးကို ကျန်းမာရေးနဲ့ညီ၊ မညီ ထည့်သွင်းစဉ်းစားကာ ဆုချီးမြှင့်သွားဖို့လည်း ရှိနေပါတယ်။

ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013