DVB Logo
Home
မြန်မာသတင်း
RCSS မှထွက်ပြေးလာသည့် တပ်ဖွဲ့ဝင် ၇ ဦးနှင့်အရပ်သား ၂ ဦးကို မိုင်းတုံမြို့ စစ်ဆေးရေးဂိတ်တွင် တွေ့ရှိ
DVB
·
May 11, 2020
RCSS မှထွက်ပြေးလာသည့် တပ်ဖွဲ့ဝင် ၇ ဦးနှင့်အရပ်သား ၂ ဦးကို မိုင်းတုံမြို့ စစ်ဆေးရေးဂိတ်တွင် တွေ့ရှိ
1 / 2
Donate to DVB

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) လွယ်တိုင်းလျန်းစစ်ဌာနချုပ်က ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင် ၇ ဦးနဲ့ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရပ်သား ၂ ဦးတို့ကို မေလ ၉ ရက်နေ့ မနက်ပိုင်းက မိုင်းတုံမြို့ဟောင်လီ စစ်ဆေးရေးဂိတ်မှာ ပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပြီး တပ်မတော်ဆီ အပ်နှံပေးခဲ့ပါတယ်။

သူတို့ဟာ လွန်ခဲ့တဲ့ ၂ လကျော်လောက်က တောင်ပေါ်မှာ အလုပ်လုပ်နေတုန်း ရှမ်းတပ်မတော်ရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ ထွက်ပြေးလွတ်မြောက်လာသူ စိုင်းအောင်ဆာက ပြောပါတယ်။

“လွယ်လင်ကနေ မိုင်းပန်ကို ကားနဲ့ပို့ပေးခဲ့တယ်။ မိုင်းပန်ကနေ လွယ်တိုင်းလျန်းရောက်အောင် လမ်းလျှောက်ရတယ်။ သံဆူးကြိုး ခတ်ထားတဲ့ဝင်းထဲမှာ ဖမ်းထားတဲ့လူ ၂၀၀ လောက်နဲ့ အတူနေရတယ်။ အားလုံးသင်တန်းတက်ရဖို့ ဖမ်းလာတာလို့ သိရတယ်။ ထမင်းကျွေးတော့ ဆားဖြူးကျွေးတာ၊ ဘယ်လိုမှ မခံနိုင်တဲ့အဆုံး သေချင်သေပါစေဆိုပြီး ထွက်ပြေးလာခဲ့တာ'' လို့ ပြောပါတယ်။

ထွက်ပြေးလာပြီးနောက် သူတို့ဟာ လွယ်တိုင်းလျန်းစစ်ဌာနချုပ်မှ UWSA စစ်​ဒေသ (၁၇၁) နယ်မြေ ခိုင်းလုံဒေသ ဝမ်ပုံရွာမှာ ၁ လနီးပါးခန့်နဲ့ စစ်ဒေသ (၁၇၁) ဌာနချုပ်ရှိရာ မုံးကျွတ်မှာ ၂၁ ရက် Quarantine ထပ်မံနေထိုင်ခဲ့ရပြီးနောက် မေ ၈ ရက်နေ့မှာ မုံးကျွတ်/နားကောင်းမူးကတဆင့် မိုင်းတုံမြို့နယ် ဟောင်လီရွာအထိ ဖိုးဝှီးယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။

RCSS/SSA ထံက ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်ဖွဲ့ဝင် ၇ ဦးကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်က စစ်ဆေးစိစစ်နေပြီး အရပ်သား ၂ ဦးကိုတော့ သီးခြားစောင့်ကြည့်ထားရှိကြောင်း သိရပါတယ်။

မတ် ၁၆ ရက်နေ့ကလည်း RCSS/SSA တပ်မဟာ (၇၂၇) အခြေပြုရာ လွယ်ဆမ်ဆုန် (ဓညဝတီဆန်စု) စခန်းက ထွက်ပြေးလွတ်မြောက်ခဲ့သူ တပ်ဖွဲ့ဝင် ၆ ဦးကို တပ်မတော်ကစစ်ဆေးပြီး မိဘရပ်ထံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013