DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် နှာခေါင်းစည်း M‌ask မတပ်ပါက ဒဏ်ရိုက်မည့် အစီအစဉ်စတင်မည်
DVB
·
May 10, 2020
ရန်ကုန်တွင် နှာခေါင်းစည်း M‌ask မတပ်ပါက ဒဏ်ရိုက်မည့် အစီအစဉ်စတင်မည်
1 / 2
Donate to DVB

COVID-19 ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နှာခေါင်းစည်း M‌ask မတပ်ရင်ဒဏ်ရိုက်မယ့် အစီအစဉ်ကို အခုရက်ပိုင်းအတွင်းစတင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကိုပြောပါတယ်။

"မီဒီယာတွေက ပြောပေးတာပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း  ပြောပေးနေတာပဲ။ နေရာတကာမှာ ကြားနေရတယ်ဗျာ။ အပြင်ထွက်ရင် M‌askတပ်ရမယ်ဆိုတာ။ အဲဒါကျနော်တို့က အခုဘာစဉ်းစားလဲဆိုတော့ နှစ်လမ်း စဉ်းစားထားတာရှိတယ်။ တစ်လမ်းကကျတော့ ကျနော်တို့  အရေးယူတဲ့အပိုင်းကို ဆောင်ရွက်မယ်။ နောက်တစ်လမ်းကတော့ အဲဒီ Maskကို ပံ့ပိုးဖို့အတွက် ဆောင်ရွက်မယ်ပေါ့နော်။ M‌ask ပံ့ပိုးဖို့တော့ ပြင်ဆင်တုန်းရှိပါသေးတယ်။"လို့  ဦးနိုင်ငံလင်းက ပြောပါတယ်။

ရန်ကုန်မှာ အခြေခံလူတန်းစား အတော်တော်များများဟာ M‌ask ဝယ်မတပ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ဒါနဲ့ပတ်သက်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ပရဟိတအသင်းအဖွဲ့တွေက  M‌ask အခမဲ့ဝေပေးနေတာတွေလည်းရှိနေပါတယ်။

လူဦးရေများတဲ့အတွက် ရန်ကုန်တိုင်းတစ်တိုင်းလုံးအတွက် M‌ask ပံ့ပိုးပေးရာမှာ အခက်အခဲရှိနေတာကြောင့် နိုင်သလောက် ပံ့ပိုးပေးသွားမယ်လို့ ဦးနိုင်ငံလင်းကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်ကို အခုရက်ပိုင်းအတွင်း အသိပေး ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

M‌ask မတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်ကို လက်ရှိမှာတော့ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းစတဲ့ဒေသတချို့မှာလုပ်ဆောင်နေပြီး မွန်ပြည်နယ်က စည်သာယာဈေးတွေမှာလည်း နှာခေါင်းစည်း Mask မတပ်ရင် ဒဏ်ငွေရိုက် အရေးယူဖို့ စီစဉ်နေပါပြီ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013