DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ် စည်သာယာစျေးများတွင် Mask မတပ်ပါက ငွေ ၁ သောင်း ဒဏ်ရိုက်မည်
DVB
·
May 10, 2020
မွန်ပြည်နယ် စည်သာယာစျေးများတွင် Mask မတပ်ပါက ငွေ ၁ သောင်း ဒဏ်ရိုက်မည်
Donate to DVB

မွန်ပြည်နယ် စည်သာယာစျေးတွေမှာ Mask မတပ်ဘဲ ရောင်းဝယ်သူတွေကို ဒဏ်ငွေ ၁ သောင်း ဒဏ်ရိုက် အရေးယူတော့မယ်လို့ စည်ပင်တာဝန်ရှိသူက ပြောပါတယ်။

မွန်ပြည်နယ်မှာ COVID-19 ရောဂါကြောင့် စည်ပင်သာယာစျေးတွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးရောင်းချတဲ့ စျေးဆိုင်တွေပဲ ဖွင့်လှစ်ရောင်းချဖို့ ညွှန်ကြားထားတာပါ။

ဒါပေမဲ့လည်း စည်ပင်သာယာစျေးတွေမှာ Mask တပ်ဆင်ပြီး ဝယ်ယူရောင်းချတာတွေ မရှိလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါကြောင့် စည်သာယာစျေးတွေမှာ Mask မတပ်ရင် ဒဏ်ငွေ ကျပ် ၁၀၀၀၀ ဒဏ်ရိုက် အရေးယူတော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဘက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

စည်ပင်သာယာရေးစျေးတွေမှာ Mask တပ်ဆင်ပြီး ဝယ်ယူရောင်းချတာ ရှိ မရှိကို မေလ ၉ ရက်နေ့ကတည်းက စတင် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ယာယီပိတ်သိမ်းထားပေးဖို့ ညွှန်ကြားထားတဲ့ စျေးဆိုင်တွေအနေနဲ့ ဖွင့်လှစ်ရောင်းချတာတွေ လုပ်ဆောင်ရင် အပြီးပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ ဦးတင်ကိုကိုက ဆိုပါတယ်။

လက်ရှိမှာတော့ COVID-19 ရောဂါကြောင့် ပြည်ထောင်စုအစိုးရက နောက်ထပ် ၁၅ ရက် အသွားအလာ ကန့်သတ်တာနဲ့ လူစုလူဝေး မဖြစ်အောင် လုပ်ဆောင်ကြဖို့ သက်တမ်းတိုးထားပေမယ့် မော်လမြိုင်မှာတော့ ပုံမှန်အတိုင်း စျေးဆိုင်တွေ ပြန်လည် ဖွင့်လှစ်ရောင်းချတာနဲ့ လှုပ်ရှားသွားလာမှု ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောပါတယ်။

မွန်ပြည်နယ်  စည်ပင်သာယာရေးအဖွဲ့ကတော့ စျေးရောင်းစျေးဝယ်ရာမှာ လူစုလူဝေး မဖြစ်အောင် ရောင်းချပေးကြဖို့ ညွှန်ကြားထားတဲ့အပြင် Mask တွေ အလွယ်တကူ တပ်ဆင်နိုင်အောင် လူတယောက်ကို Mask ၂ ခုနှုန်း ဖြန့်ဝေတာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013