DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း ဈေးများတွင် MASK မတပ်ပါက အရေးယူမည်
DVB
·
May 10, 2020
ဧရာဝတီတိုင်း ဈေးများတွင် MASK မတပ်ပါက အရေးယူမည်
Donate to DVB

ဧရာဝတီတိုင်းအတွင်းရှိ စည်ပင်သာယာစျေးတွေနဲ့ ပျံကျစျေးတွေမှာ စျေးရောင်းချသူတွေနဲ့ ဈေးဝယ်သူတွေ Mask မတပ်ပါက ဒဏ်ငွေတပ် အရေးယူဖို့ တိုင်းစည်ပင်သာယာရေးအဖွဲ့က မေ ၈ ရက်နေ့မှာ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

လူစုလူဝေးနဲ့ လုပ်ကိုင်တာ၊ ရောင်းဝယ်တာတွေကို ဈေးတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ဆောင်ရွက်နေကြတာကြောင့် အခုလို ညွှန်ကြားချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။

စျေးလာရောက်ဝယ်ယူသူတွေ နှာခေါင်းစည်းမတပ်ပါက စျေးအတွင်း ဝင်ရောက်ခွင့်မပြုဖို့လည်း ညွှန်ကြားထားပါတယ်။

“ကျနော်တို့စျေးတွေမှာ နှာခေါင်းစည်းဝေတာတွေ Face shield ဝေတာတွေလည်း စည်ပင်သာယာရေးအဖွဲ့တွေနဲ့ လိုက်လုပ်ထားတယ်။ အခုနောက်ပိုင်း နှာခေါင်းစည်းတပ်တာ လျော့လာတယ်။ သက်ဆိုင်ရာဌာနတွေက ကြပ်မတ်ဆောင်ရွက်သင့်တယ် အားလုံး တာဝန်ရှိတာပေါ့၊ ပြည်သူတွေ လိုက်နာသင့်တယ်” လို့ ပုသိမ်မြို့ COVID-19 Information အဖွဲ့မှ ဦးစိုးမြင့်မောင်က DVB ကို ပြောပါတယ်။

ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ထုတ်ပြန်ချက်မှာ COVID-19 ကူးစက်ရောဂါပိုး ကာကွယ်ထိန်းချုပ်တာကို ဆောင်ရွက်ဆဲကာလဖြစ်လို့ စျေးဝယ်သူတွေနဲ့ စျေးရောင်းချသူတွေကို နှာခေါင်းစည်းတပ်ကြဖို့ ကြပ်မတ်ရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013