DVB Logo
Home
မြန်မာသတင်း
“ငွေကြေးကျပ်တည်းလို့ ဆက်သွယ်လာသူတိုင်းကို ငွေ ၁ သောင်း ပို့ပေးသွားမှာပါ”- ဇဏ်ခီ
DVB
·
May 9, 2020
“ငွေကြေးကျပ်တည်းလို့ ဆက်သွယ်လာသူတိုင်းကို ငွေ ၁ သောင်း ပို့ပေးသွားမှာပါ”- ဇဏ်ခီ
Donate to DVB

လတ်တလောအခြေအနေမှာ COVID-19 ကပ်ဘေးကြောင့် အလုပ်လက်မဲ့နှုန်းတွေ၊ ကျန်းမာရေးဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လက်လုပ်လက်စား မပြေလည်သူတွေအတွက် ထောက်ပံ့ကူညီနိုင်မယ့် အစီအစဉ်ကို သရုပ်ဆောင် ဇဏ်ခီက လုပ်ဆောင်နေပါတယ်။

ခုလို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးသွားမယ့် အဖွဲ့အမည်ကိုတော့ Free Cash Program for the Needy(FCPN) လို့ အမည်ပေးထားခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီနဲ့အတူ ငွေကျပ်သိန်း ၅၀ စတင်မတည်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး မနေ့ညကတော့ ဇဏ်ခီက သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့် တိုက်ရိုက်လိုက်ဖ်လွှင့်ပြီး ရှင်းပြခဲ့တာပါ။

“ဒီအစီအစဉ်ရဲ့ အဓိကလုပ်ဆောင်ချက်က ဘာဖြစ်မလဲဆိုတော့ ကျနော်တို့ COVID-19 Lockdown ကာလတွေမှာ ငွေရေးကြေးရေး အရမ်းကို အခက်အခဲဖြစ်နေတဲ့သူတွေ အသက်ရှူကျပ်ပြီးတော့ လုံးဝကို ငွေပြတ်တောက်လုနီးပါး ဖြစ်နေတဲ့သူတွေ ဒါမှမဟုတ်လည်း ငွေပြတ်တောက်နေတဲ့သူတွေအတွက် ကူညီပေးမယ့်အစီအစဉ်ပါ။ သူတို့က ကျနော်တို့ဆီကို ဆက်သွယ်လာရင် ဆက်သွယ်လာသူတိုင်းကို ကျနော်တို့က ငွေ ၁ သောင်း ပို့ပေးမယ်ပေါ့။ အဲဒီလိုမျိုး စီစဉ်ထားပါတယ်။”

အစတုန်းကတော့ ငွေကျပ်သိန်း ၅၀ ကို လူအယောက် ၅၀၀ ကို ပို့ပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဒီငွေကုန်သွားရင် ရပ်သွားမှာမျိုးကို မလိုလားတဲ့အတွက်ကြောင့်မို့လို့ ဒီ သိန်း ၅၀ ကို မတည်ပြီး အလှူရှင်တွေကို ဖိတ်ခေါ်ပြီး Donor Based အနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သူ လိုက်ဖ်လွှင့်ပြီးချိန်မှာတော့ အလှူရှင်တွေ ထွက်ပေါ်လာခဲ့ပြီး ည ၇ နာရီတိတိ အချိန်ထိ စုစုပေါင်း ငွေကျပ်သိန်း ၁၂၀ ကျော် ရရှိခဲ့ကြောင်း ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

ဒီအစီအစဉ်မှာ ငွေကြေး အကူအညီတောင်းခံလိုသူတွေအနေနဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ မှတ်ပုံတင်၊ ဒါမှမဟုတ် ကားလိုင်စင်ကို ဓာတ်ပုံရိုက်ထားတဲ့ဓာတ်ပုံ၊ ငွေလွှဲပေးရမယ့် ဖုန်းနံပါတ်တွေကို FCPN ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ပို့ပေးရုံနဲ့ Wave Pay နဲ့ ငွေလွှဲပေးမယ်လို့ သိရပါတယ်။

ငွေကြေးပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်များအနေနဲ့လည်း FCPN ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်မယ့် လူပုဂ္ဂိုလ်နဲ့ ဘဏ်အကောင့်တွေကိုပါ ဖော်ပြထားခဲ့ပြီး လှူဒါန်းနိုင်ကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013