DVB Logo
Home
နိုင်ငံတကာ
ကုမ္ပဏီ ၃ ခုကို Claude AI ဟက်ခ်ခဲ့ပြီး ဆိုက်ဘာလုံခြုံရေး စိုးရိမ်မှု မြင့်တက်လာ
DVB
·
July 31, 2026
Photo: REUTERS / SOCIAL MEDIA WEBSITE
Photo: REUTERS / SOCIAL MEDIA WEBSITE
Donate to DVB

Claude AI  မော်ဒယ်တွေ စမ်းသပ်မှု ပြုလုပ်ချိန်မှာ အခြားကုမ္ပဏီ ၃ ခုကို hack ခဲ့တဲ့ အဖြစ်အပျက် ဖြစ်ခဲ့တယ်လို့ Anthropic က ပြောပါတယ်။

Anthropic ဟာ OpenAI အဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လုပ်ငန်းဖြစ်ပြီး AI သုတေသနနဲ့ ဘေးကင်းရေးအတွက် ၂၀၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ကုမ္ပဏီ ဖြစ်ပါတယ်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်နေချိန် အခုလိုဖြစ်ခဲ့တာဖြစ်ပြီး ဒီအဖြစ်အပျက်က ပြိုင်ဘက်ဖြစ်တဲ့ OpenAI ရဲ့  rogue တိုက်ခိုက်မှုဖြစ်ပြီး ရက်အနည်းငယ်အကြာမှာ ဖြစ်ခဲ့တာပါ။

AI တွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ဖြစ်လာတာကြောင့် ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်လာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်က စမ်းသပ်မှုတွေလုပ်နေတဲ့ အချိန်အတွင်း Anthropic ရဲ့ မော်ဒယ်တွေကို အင်တာနက်ထဲ မတော်တဆ ထည့်လိုက်မိတာကြောင့်လို့လည်း ဆိုပါတယ်။

Anthropic AI က  “ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး ပြန်လေ့လာချက်အရ Claude မော်ဒယ်ကို အင်တာနက်နဲ့ချိတ်ပြီး သုံးတဲ့အချိန်မှာ အခြားကုမ္ပဏီ ၃ ခုနဲ့ ချိတ်ဆက်မိခဲ့တာပါ။ သူတို့ရဲ့ အဖွဲ့အစည်းတွေထဲကိုလည်း တရားဝင် ဝင်ရောက်ခွင့်မပေးဘဲ access ရခဲ့ပြီး ဝင်ရောက်နိုင်ခဲ့တာပါ” လို့ ဆိုရှယ်မီဒီယာ X မှာ ဖော်ပြထားပါတယ်။

ဒါက OpenAI ရဲ့ အဖြစ်အပျက်နဲ့ မတူညီဘူးလို့လည်း ရိုက်တာက ဖော်ပြပါတယ်။ OpenAI ရဲ့ AI agent ဟာ သူကိုယ်တိုင် ထိန်းချုပ်မှုကနေ လွတ်မြောက်ပြီး အားနည်းချက်တွေကို ရှာဖွေကာ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တာမျိုး ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီလို ဆိုက်ဘာတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာတွေက AI တွေရဲ့ ဆိုက်ဘာလုံခြုံရေး ချိုးဖောက်မှုတွေကို ခြောက်လှန့်မှု ပိုပြီး တိုးလာတာပါ။

ဒါ့အပြင် Developer တွေက သူတို့ရဲ့ AI မော်ဒယ်တွေကို ဘယ်လို ခက်ခက်ခဲခဲ ထိန်းချုပ်ရမလဲ ဆိုတာကိုလည်း ပေါ်လွင်စေပါတယ်။

AI လုံခြုံရေးစနစ်တွေ ပိုကောင်းအောင် အမေရိကန်အစိုးရက တွန်းအားပေးချိန်မှာ Anthropic နဲ့ OpenAI တို့ရဲ့ ပြိုင်ဆိုင်မှုလည်း ပိုပြီး ပြင်းထန်လာဖွယ် ရှိပါတယ်။

Anthropic နဲ့ OpenAI တို့ဟာ အသုံးပြုသူတွေအတွက် ပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ AI စနစ်တွေရအောင် ကြိုးစားနေချိန်ပဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013