DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်က ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ၅ ဦး၏ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေး
DVB
·
May 7, 2020
မောင်တောမြို့နယ်က ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ၅ ဦး၏ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ Quarantine ထားရှိသူ ကျန်းမာရေးဝန်ထမ်း ၁ ဦးအပါအဝင် ၄ ဦးရဲ့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် နမူနာတွေကို ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးထားတယ်လို့ သိရပါတယ်။

Hospital Quarantine ထားရှိသူ ကျန်းမာရေးဝန်ထမ်း ၁ ဦးနဲ့ Facility Quarantine ထားရှိသူ ၄ ဦးတို့ရဲ့ နှာခေါင်းတိုပတ်၊ အာခေါင်တိုပတ် နမူနာတွေကို မေ ၆ ရက်နေ့က ပို့ထားတာလို့ မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ဒီဗွီဘီပြောပါတယ်။

"Quarantine ထားရှိသူ ၅ ဦး ရဲ့ နခေါင်းတိုပတ်၊ အာခေါင်တိုပတ် နမူနာတွေကို အမျိုးသားဓာတ်ခွဲခန်းကို ပို့ဆောင်လိုက်ပါပြီ။ ပထမအကြိမ် ၂ ဦးစစ်ဆေးတာလည်း Negative ဖြစ်ခဲ့ပါတယ်။ ယနေ့ထက်ထိ မောင်တောမြို့က Quarantine ထားရှိသူတွေထဲ့မှာ COVID-19 ရောဂါလက္ခဏာတွေ့ရှိသူတဦးမှ မရှိသေးသလို ဖျားနာနေသူတွေလည်း မရှိသေးပါဘူး။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင်ရောက်လာပြီး လှဖိုးခေါင်စခန်းမှာ Facility Quarantine လုပ်ထားသူတွေထဲက ပထမအကြိမ် ၂ ဦး ဓာတ်ခွဲစစ်ဆေးရာမှာ COVID-19 ရောဂါပိုးမတွေ့ရဘူးလို့ ဆိုပါတယ်။

အခု ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးဖို့ ပို့ထားတဲ့ ၅ ဦးကတော့ ဖျားနာတာကြောင့် ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးတာပါ။

လက်ရှိမောင်တောမြို့မှာ Quarantine ထားရှိသူ စုစုပေါင်း ၁၀၆ ဦးကျန်ရှိနေသေးတယ်လို့ မောင်တောခရိုင်ကျန်မာရေးဌာနက သိရပါတယ်။

မောင်တောဆေးရုံမှာ Hospital Quarantine ထားရှိသူ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ အထက ၂ မှာ Facility Quarantine အဖြစ်ထားရှိသူ ရန်ကုန်ကပြန်လာသူ ၆၂ ဦးနဲ့ လှဖိုးခေါင်စခန်းမှာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင်ပြန်လာသူ ၂၃ ဦး Facility Quarantine အဖြစ်ထားရှိပြီး Home Quarantine ထားရှိသူက ၂၀ ဦးရှိပါတယ်။

လင်းလက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013