DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း ၄ လအတွင်း မီးလောင်မှုကြောင့် ကျပ်သန်း ၂၇၀၀ ကျော်ဆုံးရှုံး
DVB
·
May 5, 2020
နိုင်ငံတဝန်း ၄ လအတွင်း မီးလောင်မှုကြောင့် ကျပ်သန်း ၂၇၀၀ ကျော်ဆုံးရှုံး
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလကုန်အထိ မီးလောင်မှုအကြိမ်ပေါင်း ၁၁၁၁ ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးက ခန့်မှန်းချေ ကျပ်သန်းပေါင်း ၂၇၂၉ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။ 

ပြည်သူတွေ ပေါ့ဆမီးကြောင့် လောင်တဲ့မီးက အများဆုံးဖြစ်ခဲ့ပြီး မီးဘေးဒုက္ခသည် အယောက် ၃၁၀၀ ကျော်ရှိခဲ့ပါတယ်။

ဒါ့အပြင် မီးလောင်မှုကြောင့် အသက်ဆုံးရှုံးသူ ၄၂ ယောက်ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အရင်နှစ်ကတော့ ဧပြီလအတွင်းမှာ မီးလောင်မှုအကြိမ်ရေ များခဲ့ပေမယ့်လည်း ဒီနှစ်မှာတော့ COVID-19 ကပ်ဘေးကာလ ပြည်သူတွေက Stay at home နေခဲ့တာကြောင့် မီးလောင်မှု သိသိသာသာ လျော့ကျခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013