DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ်ကြောင်းတလျှောက်က သမ္ဗန်သမားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ
DVB
·
May 2, 2020
ရန်ကုန်မြစ်ကြောင်းတလျှောက်က သမ္ဗန်သမားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ
1 / 2
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ကာလ ရန်ကုန်မြစ်ကြောင်းတလျှောက်က သမ္ဗန်စီးသူတွေ နည်းပါးသွားတာကြောင့် သမ္ဗန်သမားတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပါတယ်။ 

ရန်ကုန်မြစ်ကြောင်းတလျှောက် ခရီးသည်ပို့ဆောင်နေကြတဲ့ ရန်ကုန်-ဒလ သင်္ဘောတွေ၊ စက်လှေတွေ၊ သမ္ဗန်သမားတွေဟာ ရန်ကုန်-ဒလ နေ့စဉ်သွားလာနေတဲ့ ခရီးသည်တွေကို မှီခိုနေရတာပါ။ 

လက်ရှိ ဖြစ်ပွားနေတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းခွင်ရပ်နားတာတွေ၊ လူ ၅ ဦးထက်ပိုမစုရ အမိန့်တွေကြောင့် ရန်ကုန်-ဒလ ခရီးစဉ်တွေ လျှော့ချခဲ့ပြီး ခရီးသည်တွေလည်း ထက်ဝက်မက လျော့ကျခဲ့တာကြောင့် သမ္ဗန်သမားတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတယ်လို့ သမ္ဗန်မောင်းသူတွေက ပြောပါတယ်။

သမ္ဗန်မောင်းနှင်သူတွေဟာ ပိုင်ရှင်ဆီကနေတဆင့် နေ့တွက်ကြေးပေးပြီး ငှားရမ်းမောင်းနှင်ကြတာ ဖြစ်ပါတယ်။ သမ္ဗန်သမားတွေအနေနဲ့ ရက်သုံးဆယ်လုံး နားရက်မရှိ မောင်းနှင်နေရတာဖြစ်ပြီး နားရင် ငတ်ဖို့ပဲ ရှိတော့တယ်လို့ ရန်ကုန်-ဒလ သမ္ဗန်မောင်းသူတဦးက ပြောပါတယ်။ 

အရင်က သမ္ဗန်မောင်းပြီး တရက်ကို ၁ သိန်းလောက်ထိရှာနိုင်ပေမဲ့ အခုဆို ငါးထောင်ရဖို့တောင် အနိုင်နိုင်ရှာဖွေနေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်-ဒလ ခရီးသည်စီးနင်းမှုဟာ သမ္ဗန်သမားတွေတင်မကပဲ သင်္ဘောစီးနင်းသူမှာပါ ထက်ဝက်မက နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။ 

ရောဂါဖြစ်ပွားမှာကြောက်ပေမဲ့ တနေ့လုပ်မှ တနေ့စားရတာကြောင့် ရောဂါဖြစ်လည်း မတတ်နိုင်ဘူးလို့ သမ္ဗန်မောင်းသူတဦးက DVB ကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013