DVB Logo
Home
မြန်မာသတင်း
ပြည်ပကပြန်လာသူများကို ဝက်လက်မြို့ပေါ် Quarantine Center ၌သာ ထားရှိမည်
DVB
·
May 2, 2020
ပြည်ပကပြန်လာသူများကို ဝက်လက်မြို့ပေါ် Quarantine Center ၌သာ ထားရှိမည်
Donate to DVB

မေလဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ပြည်ပကနေ ပြန်လာသူတွေကို သူတို့နေထိုင်ရာ ကျေးရွာတွေက Quarantine Centerတွေမှာ မထားတော့ဘဲ မြို့ပေါ်က Quarantine Center တွေမှာ အထူးကြပ်မတ်စောင့်ကြည့်သွားမယ်လို့ ဝက်လက်မြို့နယ် COVID-19အ ရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က ပြောပါတယ်။ 

အဲဒီလို ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူတွေကို ဝက်လက်မြို့ အမှတ် ၁ ရပ်ကွက်က အထက်တန်းကျောင်းမှာ ထားရှိပြီး လက်ရှိမှာတော့ တရုတ်နိုင်ငံကနေ ပြန်လာသူ ၁၁ ဦးကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။  

ကျေးရွာတွေမှာ Quarantine Center တွေ ထားရှိခဲ့ပေမဲ့ ညွှန်ကြားချက်တွေကို နားမလည်တာ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ စေတနာ မပါတာတွေကြောင့် Quarantine ဝင်နေသူတွေကို ဂရုစိုက်စောင့်ကြည့်မှု အားနည်းတာတွေရှိတာကြောင့် အခုလို စီစဉ်ရတာလို့  ဦးစိုးလှိုင်မောင်က ပြောပါတယ်။ 

 ဝက်လက်မြို့နယ်အတွင်းက ပြည်ပမှာသွားရောက်ပြီး အလုပ်လုပ်ကိုင်သူဦးရေ ၁၈၀၀ ကျော်ရှိပြီး ပြန်လည်ရောက်ရှိသူ ၂၅၀ ကျော်ကို Quarantine Center ၆၄ ခုမှာ facility Quarantine ပြုလုပ်ကာ စောင့်ကြည့်ခဲ့တာလည်းဖြစ်ပါတယ်။ 

အောင်စံလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013