DVB Logo
Home
မြန်မာသတင်း
ဗိုလ်တထောင်မြို့နယ်တွင် COVID-19 ကာကွယ်ရေးအတွက် ကာကွယ်ဆေးဖျန်း (ဓာတ်ပုံ)
DVB
·
May 2, 2020
ဗိုလ်တထောင်မြို့နယ်တွင် COVID-19 ကာကွယ်ရေးအတွက် ကာကွယ်ဆေးဖျန်း (ဓာတ်ပုံ)
1 / 11
Donate to DVB

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်အတွင်း COVID-19 ကာကွယ်ရေးအတွက် ကာကွယ်ဆေးဖျန်းတာတွေကို  မေလ ၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နဲ့ ရန်ကုန်တိုင်းအတွင်းရှိ မီးသတ်စခန်းများမှ ရေသယ်ယာဉ်များ၊ LUF-60(Robotic Fire Fighting Vehicle) ယာဉ်(၁)စီး၊ LUF – Micro (Robotic Fire Fighting Vehicle) ယာဉ် ၁ စီး၊ အဆင့်မြင့်မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရှေ့ပြေးဆိုင်ကယ် ၂ စီး၊ ရန်ကုန်တိုင်းအတွင်းရှိ မိုးစေတနာပရဟိတအသင်း၊ နာရေးကူညီမှု (ရန်ကုန်) နဲ့ မေတ္တာညွန့်ပရဟိတအသင်းတွေက ရေသယ်ယာဉ် ၁ စီး၊ ဆေးဖျန်းယာဉ် ၃ စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပရဟိတအဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဆေးဖျန်းခဲ့ကြပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ရောဂါကူးစက်ခံထားရသည့် ဓာတ်ခွဲအတည်ပြုလူနာ ၁၁၈ ဦးရှိပြီး ဗိုလ်တစ်ထောင်မြို့နယ်မှာ ရောဂါကူးစက်ခံရတဲ့ လူနာ ၅ ဦးရှိတယ်လို့ သိရပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မေ ၁ ရက် ည၈နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါ ကူးစက်ခံထားရသည့် ဓာတ်ခွဲအတည်ပြုလူနာ ၁၅၁ ဦးရှိပြီး ၎င်းတို့အနက် ခြောက်ဦးမှာ သေဆုံးခဲ့ကာ ၃၁ ဦး မှာ ဓာတ်ခွဲစစ်ဆေးချက်အရ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိတော့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဆေးရုံဆင်းခွင့်ရရှိခဲ့ပါတယ်။

Photo - JPaing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013