DVB Logo
Home
မြန်မာသတင်း
မိုင်းလားတွင်  Quarantine ဝင်ခဲ့သည့်  ရွေ့ပြောင်းလုပ်သား ၅၀၀ ကျော် နေရပ်ပြန်
DVB
·
May 1, 2020
မိုင်းလားတွင်  Quarantine ဝင်ခဲ့သည့်  ရွေ့ပြောင်းလုပ်သား ၅၀၀ ကျော် နေရပ်ပြန်
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)နယ်မြေ မိုင်းလားမြို့မှာ ၂၁ ရက်ကြာ Facility Quarantine နေထိုင်ခဲ့တဲ့ ရွေ့ပြောင်းလုပ်သား ၅၆၆  ဦးကို နေရပ်ပြန်ပို့ဖို့ မြန်မာအစိုးရ အာဏာပိုင်တွေထံ လွှဲပြောင်းပေးလိုက်ပါတယ်။

အဆိုပါရွှေ့ပြောင်းလုပ်သားတွေဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက သီးနှံစိုက်ခင်းတွေမှာ သွားရောက်အလုပ်လုပ်ခဲ့သူတွေဖြစ်ပြီး မြန်မာနိုင်ငံကို မိုင်းလားမြို့ကနေတဆင့် ပြန်ဝင်လာလို့  အထူးဒေသ (၄)အဖွဲ့က Facility Quarantine (၂၁) ရက်စောင့်ကြည့်ပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးပြီးမှ နေရပ်ပြန်ခွင့်ပြုခဲ့တာလို့ မိုင်းယန်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

အဆိုပါရွှေ့ပြောင်းလုပ်သားတွေအထဲမှာ ရှမ်းပြည်နယ်က ၂၄ ဦး၊ မန္တလေးတိုင်းက ၁ ဦး၊ စစ်ကိုင်းတိုင်းက ၅ ဦး၊ နေပြည်တော်က ၁ ဦး၊ မကွေးတိုင်းက ၄၁ ဦး၊ ပဲခူးတိုင်းက ၄၀ ဦး၊ ရန်ကုန်တိုင်းက ၁၀ ဦး၊  ဧရာဝတီတိုင်းက ၂၁ ဦးနဲ့ ရခိုင်ပြည်နယ်က ၄၂၂ ဦးတို့ ပါဝင်ပါတယ်။

အဆိုပါနေရပ်ပြန်ရွှေ့ပြောင်းလုပ်သားတွေကို  မိုင်းယန်း၊ ကျိုင်းတုံ၊ တောင်ကြီးမှတဆင့် မော်တော်ယာဉ် ၁၀ စီးနဲ့ နေရပ်ဒေသအသီးသီးကို ပို့ဆောင်သွားမှာဖြစ်ပြီး သူတို့ နေရပ် ပြန်ရောက်ချိန်မှာလည်း Facility Quarantine ဆက်လက်ထားရှိမယ်လို့ သိရပါတယ်။

အောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013